Helio G70 SoC နဲ့ 5,000 mAh ဘက်ထရီသုံးလာမယ့် Realme C3

0
324

Realme C3 စမတ်ဖုန်းကို လာမယ့်လ ၆ ရက်နေ့မှ ရောက်ရှိလာမှာ ဖြစ်ပေမယ့် Flipkart ကနေ အဲ့ဒီဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စောစီးစွာတင်လိုက်ပါတယ်။ Flipkart မှာအချက်အလက်ကို အပြည့်အစုံဖော်ပြထားပြီး Realme C3 မှာ ပါဝါစွမ်းအား အတွက် Helio G70 SoC သုံးလာမယ်လို့ သိရပါတယ်။ သိုလှောင်မှု ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး 3GB/32GB နဲ့ 4GB/64GB ဆိုပြီး ဖြစ်ပါတယ်။

Realme C3 မှာ 6.5″ waterdrop notch display သုံးထားမှာဖြစ်ပြီး အတော်ကြီးတဲ့ မျက်နှာပြင်လို့ သတ်မှတ်နိုင်မှာပါ။ Flipkart မှာ screen ရဲ့ resolution ကိုဖော်ပြထားခြင်း မရှိပေမယ့် HD+ panel ဖြစ်ဖို့ များပါတယ်။ Gorilla Glass ကာကွယ်ထားပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် Realme C3 ရဲ့ နောက်ဘက်မှာ dual camera setup ဖြစ်ပြီး 12MP အဓိကဆင်ဆာ တပ်ဆင်ထားပါတယ်။
ဒုတိယဆင်ဆာကတော့ 2MP depth sensor ကိုသုံးထားပါတယ်။ ဘက်ထရီကတော့ 5,000 mAh ဖြစ်ပြီး C စီးရီး စမတ်ဖုန်းတွေထဲမှာတော့ အတေ်ာကြီးတယ်လို့ သတ်မှတ်ရမှာပါ။ ကုမ္ပဏီကပြောကြားချက် အရတော့ အသင့်အနေအထားအတွက် ရက်၃၀နီးပါးသက်တမ်းရှိမယ်လို့ ဆိုပြီး ဖုန်းပြောမယ်ဆိုရင်တော့ 43.9 နာရီသက်တမ်းအားခံမှာပါ။

zawgyi

Helio G70 SoC နဲ႔ 5,000 mAh ဘက္ထရီသုံးလာမယ့္ Realme C3

Realme C3 စမတ္ဖုန္းကို လာမယ့္လ ၆ ရက္ေန႔မွ ေရာက္ရွိလာမွာ ျဖစ္ေပမယ့္ Flipkart ကေန အဲ့ဒီဖုန္းနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ေစာစီးစြာတင္လိုက္ပါတယ္။ Flipkart မွာအခ်က္အလက္ကို အျပည့္အစုံေဖာ္ျပထားၿပီး Realme C3 မွာ ပါဝါစြမ္းအား အတြက္ Helio G70 SoC သုံးလာမယ္လို႔ သိရပါတယ္။ သိုေလွာင္မႈ ၂ မ်ိဳးေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး 3GB/32GB နဲ႔ 4GB/64GB ဆိုၿပီး ျဖစ္ပါတယ္။

Realme C3 မွာ 6.5″ waterdrop notch display သုံးထားမွာျဖစ္ၿပီး အေတာ္ႀကီးတဲ့ မ်က္ႏွာျပင္လို႔ သတ္မွတ္ႏိုင္မွာပါ။ Flipkart မွာ screen ရဲ႕ resolution ကိုေဖာ္ျပထားျခင္း မရွိေပမယ့္ HD+ panel ျဖစ္ဖို႔ မ်ားပါတယ္။ Gorilla Glass ကာကြယ္ထားပါတယ္။ ဓာတ္ပုံ႐ိုက္ဖို႔အတြက္ Realme C3 ရဲ႕ ေနာက္ဘက္မွာ dual camera setup ျဖစ္ၿပီး 12MP အဓိကဆင္ဆာ တပ္ဆင္ထားပါတယ္။
ဒုတိယဆင္ဆာကေတာ့ 2MP depth sensor ကိုသုံးထားပါတယ္။ ဘက္ထရီကေတာ့ 5,000 mAh ျဖစ္ၿပီး C စီးရီး စမတ္ဖုန္းေတြထဲမွာေတာ့ အေတ္ာႀကီးတယ္လို႔ သတ္မွတ္ရမွာပါ။ ကုမၸဏီကေျပာၾကားခ်က္ အရေတာ့ အသင့္အေနအထားအတြက္ ရက္၃၀နီးပါးသက္တမ္းရွိမယ္လို႔ ဆိုၿပီး ဖုန္းေျပာမယ္ဆိုရင္ေတာ့ 43.9 နာရီသက္တမ္းအားခံမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.