Galaxy Note နေရာကိုလုသွားဖွယ်ရှိနေတဲ့ Galaxy Fold

0
483

Unicode

Samsung ဟာ Galaxy S20 series နဲ့အတူ Galaxy Z Flip တို့ကို မကြာခင်မိတ်ဆက်သွားတော့မှာပါ။ ဒီကြားထဲမှာ သတင်းတွေထွက်နေတာကတော့ ၂၀၂၀ရဲ့ ဒုတိယကွာတားလောက်မှာ Galaxy Fold နောက်တစ်လုံးကိုလည်း ထုတ်မယ်တဲ့။ Galaxy Fold 2 ကတော့ Galaxy S20 ရဲ့အကောင်းဆုံး feature တွေဖြစ်တဲ့ Snapdragon 865 chip, 5G support, 108 MP ကင်မရာတွေကို အသုံးပြုထားမယ့်အပြင် Galaxy Z Flip လိုမျိုး ultra-thin glass ကိုလည်း ခေါက်ချိုးမျက်နှာပြင်ပေါ်မှာ သုံးပေးထားဦးမှာပါ။ ဒါကြောင့် S Pen stylus ကိုလည်း တစ်ပါတည်းဝန်ဆောင်မှုပေးနိုင်စေတော့မှာဖြစ်လို့ Galaxy Note အစားထိုးအဖြစ်နဲ့ ဝင်ရောက်လာမလားဆိုတာ စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ Note လိုင်းကို Fold လိုင်းနဲ့များမကြာခင်မှာ အစားထိုးနိုင်ချေလည်း ရှိနေပါတယ်။
၂၀၁၁ခုနှစ်မှာ original Note ကို စတင်မိတ်ဆက်ခဲ့ပြီးတော့ အဲဒီအချိန်တုန်းက ဈေးကွက်ထဲမှာအကြီးမားသောမျက်နှာပြင် ၅.၃လက်မနဲ့ built-in stylus တို့နဲ့ထွက်ရှိခဲ့တာပါ။ နှစ်ပေါင်းများစွာကြာအောင် ဒါတွေက Galaxy Note ဖုန်းရဲ့ အမှတ်အသားတစ်ခုလို စွဲထင်ကျန်နေစေခဲ့ပါတယ်။ နည်းပညာတွေတိုးတက်ပြောင်းလဲလာတော့ Samsung က ပိုကြီးတဲ့မျက်နှာပြင်တွေကို သုံးပေးခဲ့တယ်။ S pen feature တွေကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် Note ရဲ့ အထင်ကရ feautre တွေကို ဒီနေ့ခေတ်စမတ်ဖုန်းတွေက လုယူသုံးစွဲနေကြတဲ့ခေတ်မှာ ဘယ်လိုလုပ်ကြမလဲ။
Galaxy S ဖုန်းအသစ်တိုင်းကတော့ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ Note နဲ့တူကြပါတယ်။ ဈေးသက်သာတဲ့ S20 မှာ ၆.၂လက်မမျက်နှာပြင်၊ အသေးဆုံး Note 10 မော်ဒယ်လ်ကတော့ ၆.၃လက်မအထိ ရှိပါတယ်။ S20 Ultra မှာတော့ ၆.၉လက်မရှိပြီး Note 10+ကတော့ ၆.၈လက်မ ရှိခဲ့ပါတယ်။
နောက်နှစ်တွေထဲမှာ Galaxy S နဲ့ Note စီးရီးတို့ကို ပေါင်းစပ်တော့မယ်လို့ မြင်နေပါတယ်။ Note 7 ကိစ္စဖြစ်ပြီးနောက်မှာ Note ကို ဆက်မထုတ်တော့ဘူးလို့တောင် ပြောခဲ့ကြပါသေးတယ်။ အခုတော့ Note လိုင်းကို ခေါက်ချိုးဖုန်းတွေနဲ့ ပြောင်းထုတ်နိုင်တယ်လို့ မှတ်ချက်ပြုနေကြပြန်ပါပြီ။
Note အတွက် ပိုမိုကြီးမားတဲ့မျက်နှာပြင်ဖြစ်ဖို့က ခေါက်ချိုးဘက်ကိုသွားရပါလိမ့်မယ်။ original Galaxy Fold ကလည်း Samsung အတွက်တော့ အိပ်မက်ဆိုးပါပဲ။ ဒါပေမယ့်လည်း ပထမဆုံးသော ခေါက်ချိုးဖုန်းထုတ်လုပ်သူတစ်ယောက်တော့ ဖြစ်လာခဲ့ပါတယ်။ ပထမမျိုးဆက်မှာ ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့တွေ မှန်းဆခဲ့ကြပြီးသားပါ။
ဒါပေမယ့် နောက်ထွက်မယ့်မော်ဒယ်လ်ကတော့ ပိုမိုကောင်းမွန်လာမှာပါ။ Samsung အနေနဲ့ မူလမျက်နှာပြင်အဆင်မပြေဘဲ stylus ကို ထည့်မပေးလောက်ပါဘူး။ Galaxy Fold ကို ကောင်းမွန်စွာကိုင်တွယ်ခြင်းမရှိဘူးဆိုရင် မျက်နှာပြင်ထိခိုက်စေနိုင်ကြောင်းကိုလည်း ဘူးအတွင်းမှာ သတိပေးချက်တွေ ရေးသားထားပါတယ်။ ဒါဟာ S Pens နဲ့ အဆင်ပြေလောက်မယ့်မျက်နှာပြင်မျိုး မဟုတ်နေပါဘူး။
Fold ဟာ Note နေရာကိုအစားထိုးသွားမလားဆိုတာ ထားလိုက်ပါ။ Fold 2 မှာ ၈လက်မမျက်နှာပြင်ကိုဖုံးအုပ်ထားမယ့် glass screen ပါဝင်မယ်ဆိုတော့ S Pen support က ဖြစ်နိုင်ချေရှိနေပါတယ်။
လက်ရှိမှာ အမြောက်အများထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့်လည်း ၂၀၂၀ရဲ့နှစ်ဝက်လောက်မှ ဆိုင်တွေမှာရောက်မှာပါ။ ၂၀၂၀နှစ်ဝက်လောက်မှာ S Pen ပါဝင်တဲ့ ဖုန်းနှစ်လုံးလောက်ထုတ်မယ်လို့ကြားထားတာမို့ Galaxy Fold 2 နဲ့ Galaxy Note 20 ကို မြင်ရနိုင်ပါတယ်။ Note 11 ကိုလည်း Note 20 လို့ ခေါ်နိုင်ပါတယ်။ အခုတောင် S20 စီးရီးရောက်နေပြီမဟုတ်လား။
Note စီးရီးကိုလက်စဖျောက်လိုက်တာက Samsung အတွက် မကောင်းပါဘူး။ Fold နဲ့ယှဉ်လိုက်ရင် Note ဟာ လူကြိုက်များနေဆဲပါ။ Fold ကို Note စီးရီးထဲသွင်းလိုက်တာကမှ သူတို့အတွက် ပိုအဆင်ပြေမယ့် နည်းဗျူဟာဖြစ်ဦးမယ်လို့တောင် တွေးမိသေး။

Zawgyi

Samsung ဟာ Galaxy S20 series နဲ႔အတူ Galaxy Z Flip တို႔ကို မၾကာခင္မိတ္ဆက္သြားေတာ့မွာပါ။ ဒီၾကားထဲမွာ သတင္းေတြထြက္ေနတာကေတာ့ ၂၀၂၀ရဲ႕ ဒုတိယကြာတားေလာက္မွာ Galaxy Fold ေနာက္တစ္လုံးကိုလည္း ထုတ္မယ္တဲ့။ Galaxy Fold 2 ကေတာ့ Galaxy S20 ရဲ႕အေကာင္းဆုံး feature ေတြျဖစ္တဲ့ Snapdragon 865 chip, 5G support, 108 MP ကင္မရာေတြကို အသုံးျပဳထားမယ့္အျပင္ Galaxy Z Flip လိုမ်ိဳး ultra-thin glass ကိုလည္း ေခါက္ခ်ိဳးမ်က္ႏွာျပင္ေပၚမွာ သုံးေပးထားဦးမွာပါ။ ဒါေၾကာင့္ S Pen stylus ကိုလည္း တစ္ပါတည္းဝန္ေဆာင္မႈေပးႏိုင္ေစေတာ့မွာျဖစ္လို႔ Galaxy Note အစားထိုးအျဖစ္နဲ႔ ဝင္ေရာက္လာမလားဆိုတာ စိတ္လႈပ္ရွားဖို႔ေကာင္းေနပါတယ္။ Note လိုင္းကို Fold လိုင္းနဲ႔မ်ားမၾကာခင္မွာ အစားထိုးႏိုင္ေခ်လည္း ရွိေနပါတယ္။
၂၀၁၁ခုႏွစ္မွာ original Note ကို စတင္မိတ္ဆက္ခဲ့ၿပီးေတာ့ အဲဒီအခ်ိန္တုန္းက ေဈးကြက္ထဲမွာအႀကီးမားေသာမ်က္ႏွာျပင္ ၅.၃လက္မနဲ႔ built-in stylus တို႔နဲ႔ထြက္ရွိခဲ့တာပါ။ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဒါေတြက Galaxy Note ဖုန္းရဲ႕ အမွတ္အသားတစ္ခုလို စြဲထင္က်န္ေနေစခဲ့ပါတယ္။ နည္းပညာေတြတိုးတက္ေျပာင္းလဲလာေတာ့ Samsung က ပိုႀကီးတဲ့မ်က္ႏွာျပင္ေတြကို သုံးေပးခဲ့တယ္။ S pen feature ေတြကိုလည္း အဆင့္ျမႇင့္တင္ေပးခဲ့ပါတယ္။ ဒါေပမယ့္ Note ရဲ႕ အထင္ကရ feautre ေတြကို ဒီေန႔ေခတ္စမတ္ဖုန္းေတြက လုယူသုံးစြဲေနၾကတဲ့ေခတ္မွာ ဘယ္လိုလုပ္ၾကမလဲ။
Galaxy S ဖုန္းအသစ္တိုင္းကေတာ့ ေနာက္ဆုံးထြက္ရွိထားခဲ့တဲ့ Note နဲ႔တူၾကပါတယ္။ ေဈးသက္သာတဲ့ S20 မွာ ၆.၂လက္မမ်က္ႏွာျပင္၊ အေသးဆုံး Note 10 ေမာ္ဒယ္လ္ကေတာ့ ၆.၃လက္မအထိ ရွိပါတယ္။ S20 Ultra မွာေတာ့ ၆.၉လက္မရွိၿပီး Note 10+ကေတာ့ ၆.၈လက္မ ရွိခဲ့ပါတယ္။
ေနာက္ႏွစ္ေတြထဲမွာ Galaxy S နဲ႔ Note စီးရီးတို႔ကို ေပါင္းစပ္ေတာ့မယ္လို႔ ျမင္ေနပါတယ္။ Note 7 ကိစၥျဖစ္ၿပီးေနာက္မွာ Note ကို ဆက္မထုတ္ေတာ့ဘူးလို႔ေတာင္ ေျပာခဲ့ၾကပါေသးတယ္။ အခုေတာ့ Note လိုင္းကို ေခါက္ခ်ိဳးဖုန္းေတြနဲ႔ ေျပာင္းထုတ္ႏိုင္တယ္လို႔ မွတ္ခ်က္ျပဳေနၾကျပန္ပါၿပီ။
Note အတြက္ ပိုမိုႀကီးမားတဲ့မ်က္ႏွာျပင္ျဖစ္ဖို႔က ေခါက္ခ်ိဳးဘက္ကိုသြားရပါလိမ့္မယ္။ original Galaxy Fold ကလည္း Samsung အတြက္ေတာ့ အိပ္မက္ဆိုးပါပဲ။ ဒါေပမယ့္လည္း ပထမဆုံးေသာ ေခါက္ခ်ိဳးဖုန္းထုတ္လုပ္သူတစ္ေယာက္ေတာ့ ျဖစ္လာခဲ့ပါတယ္။ ပထမမ်ိဳးဆက္မွာ ဒီလိုမ်ိဳးေတြ ျဖစ္လာႏိုင္တယ္ဆိုတာကိုလည္း ကြၽန္ေတာ္တို႔ေတြ မွန္းဆခဲ့ၾကၿပီးသားပါ။
ဒါေပမယ့္ ေနာက္ထြက္မယ့္ေမာ္ဒယ္လ္ကေတာ့ ပိုမိုေကာင္းမြန္လာမွာပါ။ Samsung အေနနဲ႔ မူလမ်က္ႏွာျပင္အဆင္မေျပဘဲ stylus ကို ထည့္မေပးေလာက္ပါဘူး။ Galaxy Fold ကို ေကာင္းမြန္စြာကိုင္တြယ္ျခင္းမရွိဘူးဆိုရင္ မ်က္ႏွာျပင္ထိခိုက္ေစႏိုင္ေၾကာင္းကိုလည္း ဘူးအတြင္းမွာ သတိေပးခ်က္ေတြ ေရးသားထားပါတယ္။ ဒါဟာ S Pens နဲ႔ အဆင္ေျပေလာက္မယ့္မ်က္ႏွာျပင္မ်ိဳး မဟုတ္ေနပါဘူး။
Fold ဟာ Note ေနရာကိုအစားထိုးသြားမလားဆိုတာ ထားလိုက္ပါ။ Fold 2 မွာ ၈လက္မမ်က္ႏွာျပင္ကိုဖုံးအုပ္ထားမယ့္ glass screen ပါဝင္မယ္ဆိုေတာ့ S Pen support က ျဖစ္ႏိုင္ေခ်ရွိေနပါတယ္။
လက္ရွိမွာ အေျမာက္အမ်ားထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္ဆိုေပမယ့္လည္း ၂၀၂၀ရဲ႕ႏွစ္ဝက္ေလာက္မွ ဆိုင္ေတြမွာေရာက္မွာပါ။ ၂၀၂၀ႏွစ္ဝက္ေလာက္မွာ S Pen ပါဝင္တဲ့ ဖုန္းႏွစ္လုံးေလာက္ထုတ္မယ္လို႔ၾကားထားတာမို႔ Galaxy Fold 2 နဲ႔ Galaxy Note 20 ကို ျမင္ရႏိုင္ပါတယ္။ Note 11 ကိုလည္း Note 20 လို႔ ေခၚႏိုင္ပါတယ္။ အခုေတာင္ S20 စီးရီးေရာက္ေနၿပီမဟုတ္လား။
Note စီးရီးကိုလက္စေဖ်ာက္လိုက္တာက Samsung အတြက္ မေကာင္းပါဘူး။ Fold နဲ႔ယွဥ္လိုက္ရင္ Note ဟာ လူႀကိဳက္မ်ားေနဆဲပါ။ Fold ကို Note စီးရီးထဲသြင္းလိုက္တာကမွ သူတို႔အတြက္ ပိုအဆင္ေျပမယ့္ နည္းဗ်ဴဟာျဖစ္ဦးမယ္လို႔ေတာင္ ေတြးမိေသး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.