Realme C3 စမတ်ဖုန်းကို လာမယ့်လ ၆ ရက်နေ့မှာ မိတ်ဆက်လာမည်

0
627

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော်တို့အနေနဲ့ Realme C3 ဖုန်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ အတော်ကြားခဲ့ ရပါတယ်။ အခုတော့ အဲ့ဒီဖုန်းကို တရားဝင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ Realme C3 စမတ်ဖုန်းကို ဖေဖော်ဝါရီ ၆ ရက်နေ့ အိန္ဒိယဈေးကွက်အတွက် မိတ်ဆက်လာမှာဖြစ်ပါတယ်။ Facebook နဲ့ YouTube တို့ကနေလည်း တိုက်ရိုက် live-streamed ပြလုပ်ပေးသွားမယ်လို့ သိရပါတယ်။

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ Realme C3 နဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြထားခြင်း မရှိပေမယ့် ပုံစံတွေအရ ဒီဖုန်းမှာ waterdrop notch display သုံးလာမှာ ဖြစ်ပြီး နောက်ကျောဘက်မှာ ကင်မရာ ၂လုံးကို ဒေါင်လိုက်တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံအရ အပြာရောင်ကို ထုတ်ပေးမယ်လို့ သိရပါတယ်။
Realme အနေနဲ့ စူပါစတားဖျော်ဖြေမှုလို့ အဓိပ္ပါယ်ရတဲ့ “Entertainment Ka Superstar” tagline ကိုပြုလုပ်နေပါတယ်။ ဒီသတင်းအရ ယခင်မော်ဒယ်ထက် ပိုကြီးတဲ့ ဘက်ထရီသုံးလာမယ်လို့ ထင်နေကြပါတယ်။ အချို့ကလည်း 1080p display ကိုမျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ဒီကိစဟာ ဖြစ်နိုင်စွမ်းနည်းပါတယ်။ ဘာကြောင့်လဲဆိုရင် C စီးရီးဖုန်းတွေဟာ ဘတ်ဂျတ်လိုင်းကို ရည်ရွယ်လို့ပါ။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.