Zawgyi
Unicode
iOS နဲ့iPadOS ရဲ့13.3.1 ဗားရှင်းအသစ်လေးမှာတော့ bug fix တွေလုပ်ဆောင်ပေးထားသလို U1 chip ကို ပိတ်နိုင်တော့မယ်ခလုတ်လေးလည်း ပါဝင်လာပါတယ်။
iOS နဲ့iPadOS အတွက် အသေးစားပြင်ဆင်မှုလေးတွေလုပ်ဆောင်ပေးထားတဲ့ upgrade လေးကို ဒီနေ့ထုတ်ပေးလိုက်ပါပြီ။ ဒီဗားရှင်းအသစ်လေးဟာ 13.3.1 ဖြစ်ပြီးတော့ နောက်ဆုံးupdate နဲ့တစ်လခြားပြီးထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင်တော့ Settings > General > Software Update ကို သွားပြီးယူနိုင်ပါတယ်။ Networking & Wireless toggle လေးထည့်ပေးထားပြီးတော့ U1 Ultra Wideband chip လေးကို ဖွင့်ပိတ်လုပ်ခွင့် ပေးထားပါတယ်။ ဒီ feature လေးကတော့ Settings > Privacy > Location Services ထဲမှာ ရှိပါတယ်။ ဒီတော့ Bluetooth, Wi-Fi, Ultra-Wideband တို့အတွက် Location ပိတ်နိုင်မယ့်သဘောပါပဲ။ ဒါလေးကတော့ iPhone 11, 11 Pro, 11 Pro Max တို့မှာ location service ပိတ်ထားတောင်မှ အမြဲတမ်းခြေရာခံနေတာကို သုံးစွဲသူတွေက တွေ့ရှိခဲ့လို့ အခုလိုပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။
TV app ထဲမှာ ကြည့်ပြီးသား content တွေကို ပြန်ကြည့်လို့ရမယ့် Play Again ခလုတ်လေးကိုလည်း မြင်တွေ့ရမှာပါ။ Mail နဲ့ပတ်သတ်တဲ့ဟာလေးတွေကိုလည်း ဖြေရှင်းပေးထားပါတယ်။ ဒီတော့ အခုပဲ ဒေါင်းလုတ်ဆွဲလိုက်ပါတော့။