Facebook ရဲ့ Clear History tool ကိုအသုံးပြုနိုင်ပြီ

0
1326

Facebook ရဲ့ Clear History tool နိုင်ငံအားလုံးမှာရှိတဲ့ Facebook ပလက်ဖောင်း သုံးစွဲသူတွေ အနေနဲ့ စတင်အသုံးပြုလို့ရပါပြီ။ တည်ထောင်သူ မက်ဇုကာဘတ်ရဲ့ ဘလော့ပိုစ်ကနေ တက်လာတဲ့ သတင်းအရ အတည်ပြုလို့ရသွားပါပြီ။ Facebook ကတော့ အဲ့ဒီလုပ်ဆောင်ချက်ကို “Off-Facebook activity” လို့ နာမည်ပေးထားပါတယ်။ သင့်အနေနဲ့ facebook မှာ Search ပြုလုပ်ထားတဲ့ history တွေကို ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။

Off-Facebook activity ဆိုတာကတော သင့်အနေနဲ့ facebook ကိုအခြေပြုပြီး ဝင်ရောက်ထားတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းနဲ့ ဝက်ဘ်ဆိုက်တွေမှာ Off-Facebook Activity ဆိုတာကတော့ သုံးစွဲသူ ဆက်သွယ်တဲ့ဝက်ဘ်ဆိုက် ဒါမှမဟုတ် app အခြေခံ ဝက်ဘ်ဆိုက်နဲ့ လုပ်ငန်းတွေက Facebook နဲ့ဝေမျှထားတဲ့ အချက်အလက်ဖြစ်ပါတယ်။ တကယ်လို့ Facebook ကသုံးစွဲသူ စိတ်ဝင်စားစေမယ့် အရာတွေအတွက် အကြံပေးမှု ဒါမှမဟုတ် အွန်လိုင်းမှာ ကြည့်ရှုတဲ့အရာအတွက် ကြော်ငြာတွေ ရရှိနေတယ်ဆိုရင် Clear History tool ကအသုံးဝင်ပါတယ်။
ဒီလုပ်ဆောင်ချက်အရ history ကိုဖျက်တာအပြင် ကဏ္ဍအလိုက် သတင်းအချက်အလက်ကို ကြည့်နိုင်ဖို့ option တွေပါဝင်လာပြီး အချက်အလက်ကို download ပြုလုပ်တာ၊ အနာဂတ်မှာ off-Facebook activity လုပ်ဆောင်ချက်ကို ဘယ်လိုရွေးချယ်မလဲဆိုတာတွေကို စီမံနိုင်ပါတယ်။ ဒီ Tool ကို facebook အနေနဲ့ 2018 က ပြုလုပ်ခဲ့တဲ့ F8 developer conference မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.