CalTech Wi-Fi မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ဒေါ်လာ၈၃၈မီလျံပေးဆောင်ရတော့မယ့် Apple

0
1810

Unicode

California Institute of Technology ရဲ့မူပိုင်ခွင့်ကို ချိုးဖောက်တဲ့အတွက်ကြောင့် Apple နဲ့Broadomလုပ်ငန်းနှစ်ခုလုံးကို ဒဏ်ငွေ ဒေါ်လာ၁.၁ဘီလျံ ပေးဆောင်ဖို့ တရားရုံးုကအမိန့်ချမှတ်လိုက်ပါတယ်။
ကြားနာမှုရဲ့ ငါးနာရီတောင်မပြည့်ခင်မှာပဲ ကယ်လ်ဖိုးနီးယားတရားရုံးက Apple နဲ့Broadom လုပ်ငန်းဟာ Wi-Fi နည်းပညာမူပိုင်ခွင့်တစ်ခုကို ချိုးဖောက်ထားတယ်လို့ ဆုံးဖြတ်ခဲ့ပြီးတော့ ဒဏ်ငွေအမြောက်အများရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
CalTech ရဲ့ရှေ့နေ့ပြောကြားချက်အရ ၂၀၁၀ခုနှစ်မှာ chip အသုံးပြုမှုအတွက် iPhone, iPad, Mac, Apple Watch နဲ့အခြားထုတ်ကုန်တွေကို သဘောတူညီမှုှုယူခဲ့ကြပါတယ်။ Apple အနေနဲ့ ထုတ်ကုန်တစ်ခုချင်းစီကို ဒေါ်လာ၁.၄ ပေးရမှာဖြစ်ပြီး Broadcom ကတော့ ၂၆ဆင့်နဲ့ သဘောတူညီမှုတွေ ယူခဲ့ကြတာပါ။ ဒါကြောင့် တရားရုံးရဲ့တွက်ချက်မှုအပြီးမှာတော့ Apple က ဒေါ်လာ၈၃၈မီလျံနဲ့ Broadcom က ဒေါ်လာ၂၇၀မီလျံ ဒဏ်ငွေရိုက်ခံရမှာပါ။
တရားစွဲဆိုမှုကိုတော့ ၂၀၁၆ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီးတော့ IRA/LDPC encoding & decoding နည်းပညာနဲ့ပတ်သတ်တဲ့ မူပိုင်ခွင့်လေးခုချိုးဖောက်မှုနဲ့ပတ်သတ်ပါတယ်။ သူ့ရဲ့အစိတ်အပိုင်းတွေကို Apple ထုတ်ကုန်တွေမှာအသုံးပြုထားတဲ့အတွက်ကြောင့် မူပိုင်ခွင့်ဟာ 802.11n နဲ့802.11ac wireless နည်းပညာသုံးထားတဲ့ chip တွေအားလုံးအပေါ်ခံစားခွင့်ရှိနေပါတယ်။
Apple ကတော့ Broadcom ထောက်ပံ့ထားတဲ့ Wi-Fi chip တွေကို အသုံးများတယ်လို့ ချေပထားပါတယ်။ CalTeach ရဲ့မူပိုင်ခွင့်နဲ့သက်ဆိုင်နေတဲ့ encoding & decoding နည်းပညာပိုင်းကို သူ့အနေနဲ့ဖန်တီးထားတာမရှိတဲ့အတွက်ကြောင့် ဒီကိစ္စမှာမပါဝင်နေဘူးလို့ ပြန်လည်ချေပထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ပယ်ချခြင်းခံရပါတယ်။
Apple နဲ့Broadcom ကလည်း အချိန်ကြာကြာလက်တွဲနေခဲ့ကြတဲ့ လုပ်ငန်းပါတနာတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာလည်း iPhone လိုမျိုးထုတ်ကုန်တွေအတွက် wireless အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးဖို့အတွက် နှစ်ရှည်စာချုပ်ကိုလည်း ချုပ်ဆိုခဲ့တယ်လို့သိရပြန်ပါတယ်။

Zawgyi

California Institute of Technology ရဲ႕မူပိုင္ခြင့္ကို ခ်ိဳးေဖာက္တဲ့အတြက္ေၾကာင့္ Apple နဲ႔Broadomလုပ္ငန္းႏွစ္ခုလုံးကို ဒဏ္ေငြ ေဒၚလာ၁.၁ဘီလ်ံ ေပးေဆာင္ဖို႔ တရား႐ုံးုကအမိန႔္ခ်မွတ္လိုက္ပါတယ္။
ၾကားနာမႈရဲ႕ ငါးနာရီေတာင္မျပည့္ခင္မွာပဲ ကယ္လ္ဖိုးနီးယားတရား႐ုံးက Apple နဲ႔Broadom လုပ္ငန္းဟာ Wi-Fi နည္းပညာမူပိုင္ခြင့္တစ္ခုကို ခ်ိဳးေဖာက္ထားတယ္လို႔ ဆုံးျဖတ္ခဲ့ၿပီးေတာ့ ဒဏ္ေငြအေျမာက္အမ်ား႐ိုက္ခဲ့တာပဲ ျဖစ္ပါတယ္။
CalTech ရဲ႕ေရွ႕ေန႔ေျပာၾကားခ်က္အရ ၂၀၁၀ခုႏွစ္မွာ chip အသုံးျပဳမႈအတြက္ iPhone, iPad, Mac, Apple Watch နဲ႔အျခားထုတ္ကုန္ေတြကို သေဘာတူညီမႈွုယူခဲ့ၾကပါတယ္။ Apple အေနနဲ႔ ထုတ္ကုန္တစ္ခုခ်င္းစီကို ေဒၚလာ၁.၄ ေပးရမွာျဖစ္ၿပီး Broadcom ကေတာ့ ၂၆ဆင့္နဲ႔ သေဘာတူညီမႈေတြ ယူခဲ့ၾကတာပါ။ ဒါေၾကာင့္ တရား႐ုံးရဲ႕တြက္ခ်က္မႈအၿပီးမွာေတာ့ Apple က ေဒၚလာ၈၃၈မီလ်ံနဲ႔ Broadcom က ေဒၚလာ၂၇၀မီလ်ံ ဒဏ္ေငြ႐ိုက္ခံရမွာပါ။
တရားစြဲဆိုမႈကိုေတာ့ ၂၀၁၆ခုႏွစ္မွာ စတင္ခဲ့တာျဖစ္ၿပီးေတာ့ IRA/LDPC encoding & decoding နည္းပညာနဲ႔ပတ္သတ္တဲ့ မူပိုင္ခြင့္ေလးခုခ်ိဳးေဖာက္မႈနဲ႔ပတ္သတ္ပါတယ္။ သူ႔ရဲ႕အစိတ္အပိုင္းေတြကို Apple ထုတ္ကုန္ေတြမွာအသုံးျပဳထားတဲ့အတြက္ေၾကာင့္ မူပိုင္ခြင့္ဟာ 802.11n နဲ႔802.11ac wireless နည္းပညာသုံးထားတဲ့ chip ေတြအားလုံးအေပၚခံစားခြင့္ရွိေနပါတယ္။
Apple ကေတာ့ Broadcom ေထာက္ပံ့ထားတဲ့ Wi-Fi chip ေတြကို အသုံးမ်ားတယ္လို႔ ေခ်ပထားပါတယ္။ CalTeach ရဲ႕မူပိုင္ခြင့္နဲ႔သက္ဆိုင္ေနတဲ့ encoding & decoding နည္းပညာပိုင္းကို သူ႔အေနနဲ႔ဖန္တီးထားတာမရွိတဲ့အတြက္ေၾကာင့္ ဒီကိစၥမွာမပါဝင္ေနဘူးလို႔ ျပန္လည္ေခ်ပထားတာကိုေတြ႕ရပါတယ္။ ဒါေပမယ့္လည္း ပယ္ခ်ျခင္းခံရပါတယ္။
Apple နဲ႔Broadcom ကလည္း အခ်ိန္ၾကာၾကာလက္တြဲေနခဲ့ၾကတဲ့ လုပ္ငန္းပါတနာေတြျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာလည္း iPhone လိုမ်ိဳးထုတ္ကုန္ေတြအတြက္ wireless အစိတ္အပိုင္းေတြကို ေထာက္ပံ့ေပးဖို႔အတြက္ ႏွစ္ရွည္စာခ်ဳပ္ကိုလည္း ခ်ဳပ္ဆိုခဲ့တယ္လို႔သိရျပန္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.