Unicode
ငရုတ်သီးစိမ်း၊ ကြောင်နက်လေးတွေလည်းပါတယ်
နှစ်တိုင်းလိုလိုမှာ Unicode Consortium က မဲခွဲပြီးတော့ emoji အသစ်လေးတွေ အတည်ပြုပေးလေ့ရှိပါတယ်။ Emoji 13.0 ကတော့ ဒီနေ့မှာကြေညာလိုက်ပါပြီ။ အသစ်က 117 ခုတောင် ပါတာဗျို့။ သုံးလို့ရမှာကတော့ ၂၀၂၀နှစ်ဝက်လောက်မှာပါ။ software developer တွေကတော့ တစ်ဝက်လောက်ကိုယူပြီး သူတို့ရဲ့app နဲ့ OS တွေမှာထည့်သွင်းဖို့ လုပ်နေကြပါပြီ။
ပါလာမယ့်အသစ်လေးတွေကတော့ မျက်နှာအမူအယာအသစ်တွေ၊ အဆုတ်လိုမျိုး အစိတ်အပိုင်းတွေ၊ ကြောင်နက်လို တိရိစ္ဆာန်တွေ၊ ငရုတ်ပွတွေနဲ့နောက်ဆုံး အားလုံးအကြိုက်တွေ့ကြမယ့် bubble tea လည်း ပါလာပြီ။
ကျွန်တော်ကတော့ သုံးချင်နေပြီ။
အသစ်ထွက်လာမယ့်အထဲမှာ မိတ်ဆွေတို့ အကြိုက်ဆုံးတစ်ခုကိုရွေးပါဆိုရင် ဘယ်တစ်ခုဖြစ်မလဲ။
Zawgyi