Zawgyi
Unicode
OPPO ဟာ MWC 2020 မှာ သူ့ရဲ့flagship စမတ်ဖုန်းဖြစ်တဲ့ Find X2 ကို ပြသမယ်လို့ မျှော်မှန်းရပါတယ်။ အဲဒီမတိုင်ခင်မှာ ဖုန်းနဲ့ပတ်သတ်တဲ့ သတင်းတစ်ခုကိုလည်း ကျွန်တော်တို့ကြားလိုက်ရပါတယ်။
OPPO ရဲ့ VP ဖြစ်သူ Shen Yiren ဟာ Weibo မှာတင်ခဲ့တာပါ။ ဟုတ်ပါတယ်။ OPPO Find X2 လေးမှာ 65W Super VOOC Flash အားသွင်းစနစ်ကို ထည့်သွင်းထားတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
အားအမြန်သွင်းစနစ်ကိုတော့ ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ဖုန်းလေးဟာ OPPO Reno Ace ဖြစ်ပါတယ်။ မိနစ်သုံးဆယ်အတွင်းမှာ 4,000mAH အပြည့်သွင်းပေးနိုင်တယ်လို့ သိရပါတယ်။
OPPO Find X2 ကတော့ Snapdragon 865နဲ့ 65W အားအမြန်သွင်းနည်းပညာပေါင်းစပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ဖြစ်လာပါပြီ။
အခြားသောအချက်အလက်တွေကို ပြောပြရမယ်ဆိုရင်တော့ 2K resolution AMOLED display, 120Hz refresh rate, ဆေးတောင့်ပုံလေးထဲမှာ ထည့်သွင်းထားတဲ့ selife ကင်မရာနှစ်လုံး၊ punch-hole displaay ၊ SA, NSA တို့ပါဝင်သလို 5G လည်းရမှာပါ။
OPPO Find X2 ရဲ့ ကင်မရာကိုတော့ Sony ရဲ့ IMX689, 48MP ကို သုံးပေးထားပါတယ်။