ကိုရီးယားမှာ မနက်ဖြန်မိတ်ဆက်သွားဖို့ရှိတဲ့ Samsung Galaxy Tab S6 5G

0
602

Zawgyi


Unicode

Galaxy Tab S6 5G ကတော့ တရားဝင်ကြေညာခြင်းခံရပြီးတော့ မိတ်ဆက်မယ့်ရက်လည်း ထွက်ပေါ်လာပါပြီ။ 5G တက်ဘလက်လေးဟာ Samsung ရဲ့ပြည်တွင်းဈေးကွက်ဖြစ်တဲ့ တောင်ကိုရီးယားမှာ အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပါတယ်။ မနက်ဖြန် ဇန်နဝါရီလ ၃၀ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာပါ။
တက်ဘလက်လေးမှာ Snapdragon 855 ကိုတပ်ဆင်ထားပြီး Qualcomm ရဲ့ X50 modem လည်း တွဲဖက်သုံးစွဲထားပါတယ်။ ကျန်တာတွေကတော့ standart Tab S6 နဲ့အတူတူပါပဲ။ ၁၀.၅လက်မ QHD+ Super AMOLED display, စပီကာလေးလုံး, 13Mp & 5MP အနောက်ကင်မရာ, 7,040 mAh ဘတ်ထရီတွေပါဝင်နေမှာဖြစ်ပါတယ်။
Galaxy Tab S6 5G လေးကို ကိုရီးယားဝမ် 999,900 ဆိုတော့ ဒေါ်လာ၈၅၀ ပေါက်ဈေးရှိပါတယ်။ ဒါက 6GB RAM/128GB storage အတွက်ပါ။ Samsung က ဝယ်သူတွေအတွက် ဈေးလျှော့ထားတဲ့ keyboard Book Cover, Whitestone protective glass, limited edition S Pen တွေအပြင် အခြားလက်ဆောင်တွေလည်း ပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.