Unicode
တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ်တွေပျံ့နှံ့နေမှုအပေါ် Google ကလည်း တုံ့ပြန်မှုတစ်ခုလုပ်ဆောင်လိုက်ပါတယ်။ ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာရှိတဲ့ သူ့ရဲ့ရုံးတွေကို ယာယီပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။
တကယ်တော့ ရုံးတွေဟာ တရုတ်နှစ်သစ်ကူးကြောင့် အစောကတည်းကပိတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီရုံးတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့စဉ်းစားထားပါတယ်။ အဲဒီနေရာတွေမှာရှိနေတဲ့ဝန်ထမ်းတွေကို အနည်းဆုံးနှစ်ပတ်လောက် အိမ်ကနေအလုပ်လုပ်ဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဝူဟန်မြို့ကနေစတင်ခဲ့တဲ့ ဗိုင်းရပ်စ်ကိုရိုနာဟာ ရောဂါကြောင့် လူ၁၇၀ကျော်ကိုသေဆုံးစေခဲ့သလို ကူးစက်သူပေါင်းကလည်း ၇၀၀၀ မက ရှိနေတယ်လို့ ပြောနေကြပါတယ်။
Facebook နဲ့Apple ကလည်း အဲဒီနေရာတွေမှာ ခရီးသွားလာမှုကို တားမြစ်ထားပြီး အခြေအနေကောင်းလာတဲ့အထိ စောင့်ဆိုင်းဖို့ ပြောထားကြပါတယ်။ ဗိုင်းရပ်စ်ဟာ Apple ရဲ့ နှစ်ဝက်ဝင်ငွေတွေကို အနည်းငယ်လောက်သာ ထိခိုက်စေတယ်လို့ အင်္ဂါနေ့က presentation မှာ မြင်လိုက်ရပါတယ်။ Apple ကလည်း တရုတ်ပြည်ကို ခရီးသွားလာမှုတွေတားမြစ်ထားသလို အဲဒီမှာရှိတဲ့စတိုးဆိုင်ကိုလည်းပိတ်ထားပြီး ဖွင့်ချိန်တွေကိုလည်း ဖျက်ထားတယ်လို့ဆိုပါတယ်။
ဒီလိုတုံ့ပြန်မှုတွေက နည်းပညာလုပ်ငန်းတွေမှာပဲ လုပ်ဆောင်နေကြတာမဟုတ်ပါဘူး။ လေကြောင်းဖျက်သိမ်းမှုတွေအနေနဲ့ အမေရိကန်၊ ဗြိတိန်လေကြောင်းလိုင်းတွေမှာလည်း လိုင်းတွေဖျက်သိမ်း၊ ဆိုင်းငံ့ထားကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီနေရာမှာ စီးပွားရှာနေတဲ့သူတွေအတွက်ကတော့ ဗိုင်းရပ်စ်ကြောင့်မို့ စီးပွားရေးမှာ နစ်နာမှုတွေရှိလာပြီး သိသာတဲ့စီးပွားရေးကျဆင်းမှုတစ်ခုဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
Zawgyi
တ႐ုတ္ျပည္မွာ ကို႐ိုနာဗိုင္းရပ္စ္ေတြပ်ံ႕ႏွံ႔ေနမႈအေပၚ Google ကလည္း တုံ႔ျပန္မႈတစ္ခုလုပ္ေဆာင္လိုက္ပါတယ္။ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္မွာရွိတဲ့ သူ႔ရဲ႕႐ုံးေတြကို ယာယီပိတ္သိမ္းလိုက္တာျဖစ္ပါတယ္။
တကယ္ေတာ့ ႐ုံးေတြဟာ တ႐ုတ္ႏွစ္သစ္ကူးေၾကာင့္ အေစာကတည္းကပိတ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီ႐ုံးေတြကို ရက္အကန႔္အသတ္မရွိ ပိတ္ထားဖို႔စဥ္းစားထားပါတယ္။ အဲဒီေနရာေတြမွာရွိေနတဲ့ဝန္ထမ္းေတြကို အနည္းဆုံးႏွစ္ပတ္ေလာက္ အိမ္ကေနအလုပ္လုပ္ဖို႔အတြက္ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။
ဝူဟန္ၿမိဳ႕ကေနစတင္ခဲ့တဲ့ ဗိုင္းရပ္စ္ကို႐ိုနာဟာ ေရာဂါေၾကာင့္ လူ၁၇၀ေက်ာ္ကိုေသဆုံးေစခဲ့သလို ကူးစက္သူေပါင္းကလည္း ၇၀၀၀ မက ရွိေနတယ္လို႔ ေျပာေနၾကပါတယ္။
Facebook နဲ႔Apple ကလည္း အဲဒီေနရာေတြမွာ ခရီးသြားလာမႈကို တားျမစ္ထားၿပီး အေျခအေနေကာင္းလာတဲ့အထိ ေစာင့္ဆိုင္းဖို႔ ေျပာထားၾကပါတယ္။ ဗိုင္းရပ္စ္ဟာ Apple ရဲ႕ ႏွစ္ဝက္ဝင္ေငြေတြကို အနည္းငယ္ေလာက္သာ ထိခိုက္ေစတယ္လို႔ အဂၤါေန႔က presentation မွာ ျမင္လိုက္ရပါတယ္။ Apple ကလည္း တ႐ုတ္ျပည္ကို ခရီးသြားလာမႈေတြတားျမစ္ထားသလို အဲဒီမွာရွိတဲ့စတိုးဆိုင္ကိုလည္းပိတ္ထားၿပီး ဖြင့္ခ်ိန္ေတြကိုလည္း ဖ်က္ထားတယ္လို႔ဆိုပါတယ္။
ဒီလိုတုံ႔ျပန္မႈေတြက နည္းပညာလုပ္ငန္းေတြမွာပဲ လုပ္ေဆာင္ေနၾကတာမဟုတ္ပါဘူး။ ေလေၾကာင္းဖ်က္သိမ္းမႈေတြအေနနဲ႔ အေမရိကန္၊ ၿဗိတိန္ေလေၾကာင္းလိုင္းေတြမွာလည္း လိုင္းေတြဖ်က္သိမ္း၊ ဆိုင္းငံ့ထားၾကပါတယ္။ ဟုတ္ပါတယ္။ အဲဒီေနရာမွာ စီးပြားရွာေနတဲ့သူေတြအတြက္ကေတာ့ ဗိုင္းရပ္စ္ေၾကာင့္မို႔ စီးပြားေရးမွာ နစ္နာမႈေတြရွိလာၿပီး သိသာတဲ့စီးပြားေရးက်ဆင္းမႈတစ္ခုျဖစ္လာႏိုင္တယ္လို႔ ပညာရွင္ေတြက သုံးသပ္ထားၾကပါတယ္။