ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အလူးအလဲခံရနိုင်တဲ့ Apple iPhone 9
0
2600
Zawgyi
Unicode
iPhone 9 ရဲ့ ရောက်ရှိမှုတွေ၊ Apple ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုလိုင်းကို ကိုရိုနာဗိုင်းရပ်စ်က ဒုက္ခပေးလာနိုင်ပါတယ်။
Apple ဟာ ဖေဖော်ဝါရီလထဲမှာ ဘတ်ဂျက်ဖုန်းဖြစ်တဲ့ iPhone 9 ကို အမြောက်အများထုတ်လုပ်မယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ မတ်လလောက်မှာ မိတ်ဆက်ဖို့ရည်ရွယ်ထားတဲ့ပုံပါပဲ။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပျံ့နှံ့လာမှုဟာ Appleရဲ့စီမံကိန်းတွေကို အနည်းနဲ့အများတော့ ထိခိုက်သွားစေနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့ပြီးတော့ သေဆုံးသူ၁၀၀ကျော်လာခဲ့ပါဘူး။ ကူးစက်ခံရသူပေါင်းကတော့ ထောင်ချီရှိနေပါတယ်။ ဟုတ်ပါတယ်။ သေဆုံးမှုနည်းပါးသေးတယ်ဆိုပေမယ့်လည်း ကူးစက်မြန်တဲ့ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ တရုတ်အစိုးရကလည်း ဒီကိစ္စအတွက် အရေးတယူလုပ်ဆောင်နေပါပြီ။ ဝူဟန်တစ်မြို့လုံးကို ထိန်းချုပ်ထားလိုက်ပါပြီ။ မြို့နဲ့အတွင်းအပြင်ဆက်သွယ်မှုတွေအားလုံးကိုလည်း ဖြတ်တောက်ထားလိုက်ပြီလို့ သိရပါတယ်။
ဒီတော့မှ Apple ရဲ့ကိစ္စက စတင်လာတာပါပဲ။ တကယ်လို့များ ဗိုင်းရပ်စ်ဟာ Appleရဲ့ထုတ်လုပ်မှုစင်တာတွေဆီကိုရောက်သွားခဲ့မယ်ဆိုရင် ဥပမာ Foxconn နဲ့ Pegatron တို့လိုမြို့တွေပေါ့။ သူတို့ဟာ ဝူဟန်နဲ့ ၅၀၀ကီလိုမီတာပဲ ဝေးပါတယ်။ သူတို့လည်း ကူးစက်ခံရနိုင်ချေရှိနေတာပဲလေ။ iPhone 9 ရဲ့ ထုတ်လုပ်မှုဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုးဝါးလာလို့ Pegatron ဒါမှမဟုတ် Foxconn တို့က အလုပ်ရုံတွေကို ပိတ်လိုက်မယ်ဆိုရင်တော့ တော်တော်လေးထိခိုက်သွားမှာပါ။ iPhone 9 အပြင် iPhone 11 ရဲ့ထုတ်လုပ်မှု၊AirPods ရဲ့ ထုတ်လုပ်မှုတွေလည်း ထိခိုက်လာနိုင်ပါတယ်။
နောက်ဆုံးတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ Apple ကို ဒုက္ခပေးတဲ့သူ ဖြစ်လာပါတော့တယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.