Unpacked 2020 အတွက် extended video teaser ပြသလိုက်တဲ့ Samsung

0
596

Zawgyi

ေဖေဖာ္ဝါရီ ၁၁ရက္ေန႔မွာ က်င္းပေတာ့မယ့္ Samsung ရဲ႕ Unpacked 2020 ပြဲအေၾကာင္းေတာ့ ကြၽန္ေတာ္တို႔ေတြ သိထားသင့္သေလာက္ သိေနၾကၿပီလို႔ ယူဆပါတယ္။ အဲဒီမွာ ဆန္းသစ္ၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ ပစၥည္းေတြကိုေၾကညာမယ္ဆိုတာ ေမွ်ာ္လင့္ထားလို႔ရပါတယ္။ ဒီေန႔မွာေတာ့ Unpacked 2020 လို႔ေခၚတဲ့ extended teaser ေလးကို YouTube ခ်န္နယ္ေလးမွာ တင္ေပးခဲ့ပါတယ္။
teaser ျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္ဖုန္းကိုမွ ျမင္ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း အရိပ္အႁမြက္ေလးေတြထည့္ေပးထားတယ္ဆိုေတာ့ ၾကည့္ၾကည့္လိုက္ပါဦး


“Change the shape of the future” လို႔နာမည္ေပးထားတဲ့ဗြီဒီယိုေလးေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ Galaxy Z Flip ကို ျမင္ရႏိုင္တယ္လို႔ ေတြးမိပါတယ္။ ဟုတ္ပါတယ္။ သူတို႔အတြက္ ပထမဆုံးေသာ flip-style ေခါက္ခ်ိဳးဖုန္းျဖစ္ပါတယ္။ ဒါေပမယ့္ ေဖေဖာ္ဝါရီ ၁၁ရက္ေန႔မွာ တရားဝင္ရမွာေတာ့ မဟုတ္ပါဘူး။ အဲဒီပြဲမွာ Galaxy S20, Galaxy S20+, Galaxy S20 Ultra တို႔ကိုလည္း ျမင္ေတြ႕ရမွာပါ။
အဲဒီဖုန္းေတြအေၾကာင္းကိုလည္း ေပါက္ၾကားမႈေတြသိရသမွ် တင္ဆက္ေပးခဲ့ပါၿပီ။ ဒါေၾကာင့္လည္း မီဒီယာအခ်ိဳ႕ရဲ႕စိတ္ဝင္စားမႈကို ဆြဲေခၚတဲ့အေနနဲ႔ teaser ေလးထုတ္ေပးလိုက္တယ္လို႔လည္း ျမင္မိပါတယ္။

Unicode

ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ ကျင်းပတော့မယ့် Samsung ရဲ့ Unpacked 2020 ပွဲအကြောင်းတော့ ကျွန်တော်တို့တွေ သိထားသင့်သလောက် သိနေကြပြီလို့ ယူဆပါတယ်။ အဲဒီမှာ ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပစ္စည်းတွေကိုကြေညာမယ်ဆိုတာ မျှော်လင့်ထားလို့ရပါတယ်။ ဒီနေ့မှာတော့ Unpacked 2020 လို့ခေါ်တဲ့ extended teaser လေးကို YouTube ချန်နယ်လေးမှာ တင်ပေးခဲ့ပါတယ်။
teaser ဖြစ်တဲ့အတွက်ကြောင့် ဘယ်ဖုန်းကိုမှ မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အရိပ်အမြွက်လေးတွေထည့်ပေးထားတယ်ဆိုတော့ ကြည့်ကြည့်လိုက်ပါဦး


“Change the shape of the future” လို့နာမည်ပေးထားတဲ့ဗွီဒီယိုလေးကြောင့် ကျွန်တော်တို့အနေနဲ့ Galaxy Z Flip ကို မြင်ရနိုင်တယ်လို့ တွေးမိပါတယ်။ ဟုတ်ပါတယ်။ သူတို့အတွက် ပထမဆုံးသော flip-style ခေါက်ချိုးဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ တရားဝင်ရမှာတော့ မဟုတ်ပါဘူး။ အဲဒီပွဲမှာ Galaxy S20, Galaxy S20+, Galaxy S20 Ultra တို့ကိုလည်း မြင်တွေ့ရမှာပါ။
အဲဒီဖုန်းတွေအကြောင်းကိုလည်း ပေါက်ကြားမှုတွေသိရသမျှ တင်ဆက်ပေးခဲ့ပါပြီ။ ဒါကြောင့်လည်း မီဒီယာအချို့ရဲ့စိတ်ဝင်စားမှုကို ဆွဲခေါ်တဲ့အနေနဲ့ teaser လေးထုတ်ပေးလိုက်တယ်လို့လည်း မြင်မိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.