POCO X2 တွင် 120Hz refresh rate display သုံးလာမည်

0
396

လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က Xiaomi အနေနဲ့ POCO ကို သီးသန့်အမှတ်တံဆိပ် တခုအနေနဲ့ ရပ်တည်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့နောက်မှာတော့ POCO ရဲ့ဖုန်းသစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အွန်လိုင်းမှာ တောက်လျောက်ကို ထွက်လာခဲ့ပါတယ်။ အခုဆိုရင် တဖြည်းဖြည်းနဲ့ အသစ်ထွက်မယ့် ဖုန်းမော်ဒယ် ထွက်ရှိမယ်ရက် အတိအကျတောင် ထွက်နေပါပြီ။
Poco အနေနဲ့ Poco X2 ကို လာမယ့် ဖေဖော်ဝါရီလ 4 ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ X2 မှာ Liquid Cooling စနစ်နဲ့အတူ ကင်မရာပိုင်းမှာတော့ 64MP Sony IMX686 Sensor တပ်ဆင်ထားမှာပါ။ Qualcomm Snapdragon SoC နဲ့ Fast Charging ပါဝင်လာမယ်လို့လည်း အတည်ပြုထားပါတယ်။ နောက်ထပ်ဒီနေ့ထွက်လာတဲ့ သတင်းအရတော့ POCO X2 ဖုန်းမှာ 120Hz refresh rate display သုံးလာမယ်ဆိုတာပါ။

Poco X2 က Redmi K30 4G ကို အမည်ပြောင်းထားတဲ့ ဗားရှင်းဖြစ်လာမယ်လို့ သိရပါတယ်။ ယခု Poco က အတည်ပြုထားတဲ့အချက်တွေကလည်း Redmi K30 4G ဗားနဲ့တူနေပြန်ပြန်တယ်။
Redmi K30 4G မှာ မျက်နှာပြင် 6.67 လက်မ FHD+ IPS LCD 120Hz Refresh Rate ၊ Qualcomm Snapdragon 730G SoC ၊ RAM6/8GB ၊ ကျောဘက်ကင်မရာလေးလုံး 64MP+8MP Ultrawide+2MP Macro+2MP Depth ၊ ရှေ့ကင်မရာနှစ်လုံး 20MP+2MP ၊ ဘက်ထရီ 4500 mAh ပါဝင်ပြီး USB Type C မှတဆင့် 27W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.