OPPO စမတ်နာရီသစ်တွင် ECG စနစ်ထည့်သွင်းလာမည်

0
608

OPPO အနေနဲ့ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်နာရီကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ OPPO စမတ်နာရီက Xiaomi Mi Watch ၊ Apple Watch တို့လိုဘဲ စတုရန်းကွက်ဒီဇိုင်း သုံးလာဖို့ ရှိပါတယ်။ OPPO ဒုဥက္ကဌ ဘရိုင်ယန်ချန်က စက်ဝိုင်းဒီဇိုင်းထက် စတုရန်းဒီဇိုင်းက စမတ်နာရီများအတွက် အချက်အလက်များကို ဖော်ပြရန် အသင့်တော်ဆုံး ရုပ်ထွက်ဒီဇိုင်းဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။

ဒီနေ့မှာတော့ OPPO စမတ်နာရီမှာ အသုံးပြုလာမယ့် စနစ်တစ်ခု ထွက်ပေါ်လာပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ OPPO စမတ်နာရီမှာ ECG/EKG စနစ် ပါဝင်လာမယ်လို့ သိရပါတယ်။ ECG စနစ်ကြောင့် အသုံးပြုသူများအနေဖြင့် နှလုံးခုန်မှုအခြေအနေကို အတိအကျ သိရှိရမှာ ဖြစ်ပါတယ်။ ဒီစနစ်က အသုံးပြုသူရဲ့ နှလုံးအခြေအနေကို သိရှိဖို့ အလွန်အသုံးဝင်တဲ့စနစ် ဖြစ်ပါတယ်။
ယင်းစနစ်ကို Apple Watch Series 5 မှာ စတင်အသုံးပြုပြီးနောက် အခြားစမတ်နာရီတွေမှာ ထည့်ပေးလာကြပါတယ်။ အခုတော့ OPPO ကလည်း ပြိုင်ဘက်စမတ်နာရီများလိုဘဲ အသုံးပြုသူများအတွက် အလွန်အကျိုးရှိလာစေမယ့်စနစ်ကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ စမတ်နာရီကို 2020 ခုနှစ်၊ ပထမသုံးလအတွင်းမှာ ကြေငြာ လာမယ်လို့ ဆိုထားပါတယ်။

zawgyi

OPPO စမတ္နာရီသစ္တြင္ ECG စနစ္ထည့္သြင္းလာမည္

OPPO အေနနဲ႔ ကုမၸဏီရဲ႕ ပထမဆုံးစမတ္နာရီကို ထုတ္လုပ္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ OPPO စမတ္နာရီက Xiaomi Mi Watch ၊ Apple Watch တို႔လိုဘဲ စတုရန္းကြက္ဒီဇိုင္း သုံးလာဖို႔ ရွိပါတယ္။ OPPO ဒုဥကၠဌ ဘ႐ိုင္ယန္ခ်န္က စက္ဝိုင္းဒီဇိုင္းထက္ စတုရန္းဒီဇိုင္းက စမတ္နာရီမ်ားအတြက္ အခ်က္အလက္မ်ားကို ေဖာ္ျပရန္ အသင့္ေတာ္ဆုံး ႐ုပ္ထြက္ဒီဇိုင္းျဖစ္ေၾကာင္း ဖြင့္ဟထားပါတယ္။

ဒီေန႔မွာေတာ့ OPPO စမတ္နာရီမွာ အသုံးျပဳလာမယ့္ စနစ္တစ္ခု ထြက္ေပၚလာပါတယ္။
ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ OPPO စမတ္နာရီမွာ ECG/EKG စနစ္ ပါဝင္လာမယ္လို႔ သိရပါတယ္။ ECG စနစ္ေၾကာင့္ အသုံးျပဳသူမ်ားအေနျဖင့္ ႏွလုံးခုန္မႈအေျခအေနကို အတိအက် သိရွိရမွာ ျဖစ္ပါတယ္။ ဒီစနစ္က အသုံးျပဳသူရဲ႕ ႏွလုံးအေျခအေနကို သိရွိဖို႔ အလြန္အသုံးဝင္တဲ့စနစ္ ျဖစ္ပါတယ္။
ယင္းစနစ္ကို Apple Watch Series 5 မွာ စတင္အသုံးျပဳၿပီးေနာက္ အျခားစမတ္နာရီေတြမွာ ထည့္ေပးလာၾကပါတယ္။ အခုေတာ့ OPPO ကလည္း ၿပိဳင္ဘက္စမတ္နာရီမ်ားလိုဘဲ အသုံးျပဳသူမ်ားအတြက္ အလြန္အက်ိဳးရွိလာေစမယ့္စနစ္ကို ထည့္သြင္းလာမွာ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ စမတ္နာရီကို 2020 ခုႏွစ္၊ ပထမသုံးလအတြင္းမွာ ေၾကျငာ လာမယ္လို႔ ဆိုထားပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.