iMac အသစ်မှာ curve glass display ပါဝင်လာနိုင်

0
504

Zawgyi

အသစ္ထြက္လာႏိုင္တဲ့ iMac ဒီဇိုင္းကို ကြၽန္ေတာ္တို႔နဲ႔အတူတူ ၾကည့္လိုက္ရေအာင္။
ဒီေန႔ေခတ္မွာက ေခါက္ခ်ိဳးႏိုင္တဲ့စမတ္ဖုန္းေတြအေၾကာင္းေျပာရတာ သိပ္အရသာမရွိေတာ့ပါဘူး။ ေခါက္ခ်ိဳးႏိုင္တဲ့ laptop ေတြလည္း ေရာက္လာေတာ့မွာပါ။ ဒါေပမယ့္လည္း iMac ဟာ curve glass display နဲ႔ထြက္ေတာ့မယ္လို႔ သတင္းၾကားေနရပါၿပီ။


Apple ဟာ iMac ကို curve display နဲ႔လုပ္ေဆာင္ေနလားဆိုတာ တပ္အပ္မေျပာႏိုင္ေပမယ့္လည္း ဒီအေၾကာင္းကို သူတို႔စဥ္းစားေနမယ္ဆိုတာေတာ့ ေျပာရဲပါတယ္။ ေနာက္ဆုံးေပါက္ၾကားလာတဲ့ပုံရိပ္ေလးအရ iMac နဲ႔တူတဲ့ desktop ေလးမွာ ဖန္သားေတြနဲ႔ခ်ည္းျပဳလုပ္ထားတာကို ျမင္ေတြ႕ရပါတယ္။ ဒီပုံေလးကေတာ့ ယူအက္စ္ရဲ႕မူပိုင္ခြင့္႐ုံးကို ေက်ာ္ျဖတ္ၿပီး ေပါက္ၾကားလာတာျဖစ္ပါတယ္။ အေပၚပိုင္းမွာ ျပသတဲ့ေနရာနဲ႔ ေအာက္ပိုင္းမွာ input လက္ခံတဲ့ေနရာေတြပါဝင္မယ့္ အီလက္ထေရာနစ္ပစၥည္းေလးလို႔ေဖာ္ျပထားပါတယ္။ တစ္ဆက္တည္းေကြးၫြတ္ထားတဲ့ဖန္သားနဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။
ေအာက္ဘက္မွာေတာ့ ျဖဳတ္တပ္လုပ္လို႔ရတဲ့ ကီးဘုတ္၊ ႀကိဳးမဲ့အားသြင္းေပါက္ေတြပါဝင္ပါတယ္။ ေနာက္ၿပီး fingerprint, heart rate, blood oxygenation level, temperature စတဲ့ စနစ္ေတြအတြက္ ေထာက္ပံ့ထားေလာက္ပါတယ္။ ကြၽန္ေတာ္တို႔သိထားရမွာက ဒါဟာ မူပိုင္ခြင့္ပဲရွိပါေသးတယ္။ ဒီအဆင့္မွာတင္ရပ္ထားမယ့္အေနအထားေတြလည္း ရွိေနတာမို႔ ကိုယ့္စိတ္ကို ျပင္ဆင္ထားဖို႔ လိုပါလိမ့္မယ္။

Unicode

အသစ်ထွက်လာနိုင်တဲ့ iMac ဒီဇိုင်းကို ကျွန်တော်တို့နဲ့အတူတူ ကြည့်လိုက်ရအောင်။
ဒီနေ့ခေတ်မှာက ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းတွေအကြောင်းပြောရတာ သိပ်အရသာမရှိတော့ပါဘူး။ ခေါက်ချိုးနိုင်တဲ့ laptop တွေလည်း ရောက်လာတော့မှာပါ။ ဒါပေမယ့်လည်း iMac ဟာ curve glass display နဲ့ထွက်တော့မယ်လို့ သတင်းကြားနေရပါပြီ။


Apple ဟာ iMac ကို curve display နဲ့လုပ်ဆောင်နေလားဆိုတာ တပ်အပ်မပြောနိုင်ပေမယ့်လည်း ဒီအကြောင်းကို သူတို့စဉ်းစားနေမယ်ဆိုတာတော့ ပြောရဲပါတယ်။ နောက်ဆုံးပေါက်ကြားလာတဲ့ပုံရိပ်လေးအရ iMac နဲ့တူတဲ့ desktop လေးမှာ ဖန်သားတွေနဲ့ချည်းပြုလုပ်ထားတာကို မြင်တွေ့ရပါတယ်။ ဒီပုံလေးကတော့ ယူအက်စ်ရဲ့မူပိုင်ခွင့်ရုံးကို ကျော်ဖြတ်ပြီး ပေါက်ကြားလာတာဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ပြသတဲ့နေရာနဲ့ အောက်ပိုင်းမှာ input လက်ခံတဲ့နေရာတွေပါဝင်မယ့် အီလက်ထရောနစ်ပစ္စည်းလေးလို့ဖော်ပြထားပါတယ်။ တစ်ဆက်တည်းကွေးညွတ်ထားတဲ့ဖန်သားနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။
အောက်ဘက်မှာတော့ ဖြုတ်တပ်လုပ်လို့ရတဲ့ ကီးဘုတ်၊ ကြိုးမဲ့အားသွင်းပေါက်တွေပါဝင်ပါတယ်။ နောက်ပြီး fingerprint, heart rate, blood oxygenation level, temperature စတဲ့ စနစ်တွေအတွက် ထောက်ပံ့ထားလောက်ပါတယ်။ ကျွန်တော်တို့သိထားရမှာက ဒါဟာ မူပိုင်ခွင့်ပဲရှိပါသေးတယ်။ ဒီအဆင့်မှာတင်ရပ်ထားမယ့်အနေအထားတွေလည်း ရှိနေတာမို့ ကိုယ့်စိတ်ကို ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.