အရောင်လေးရောင်နဲ့ မိတ်ဆက်သွားမယ့် Samsung Galaxy Z Flip

0
633

Zawgyi






Unicode

Samsung Galaxy Z Flip လေးကို ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ ပွဲဦးထွက်ပြသမယ်လို့ မှန်းထားပါတယ်။ ပွဲနေ့မှာ အရောင်တွေအားဖြင့် Black, Gold, Purple, Silver ဆိုပြီး တွေ့မြင်ရမှာပါ။ အရင်တုန်းကကြားထားတဲ့သတင်းတွေကို အတည်ပြုပေးလိုက်တာပါပဲ။


Silver အလုံးမှာတော့ ဘောလုံးလိုအကွက်လေးတွေပါဝင်မယ်လို့ ပြောနေကြပါတယ်။ အဲဒါကြောင့် ဈေးကွက်အားလုံးမှာ ဝယ်ယူဖို့တော့ မမျှော်မှန်းထားပါနဲ့။ ဒါပေမယ့် Galaxy Z Flip လေးကို တောင်ကိုရီးယားရဲ့ SK Telecom, KT, LG Uplus တို့ကတစ်ဆင့် Blue, Red, Pink အရောင်လေးတွေ ရနိုင်မှာပါ။
Galaxy Z Flip လေးဟာ ဒေါ်လာ၁၄၀၀ လို့ ပြောနေကြပါတယ်။ သူ့မှာ Snapdragon 855+ SoC ၊၆.၇လက်မ Dynamic AMOLED display ၊ 3,300 mAh ဘတ်ထရီ ၊ 15W အားအမြန်သွင်းစနစ်တွေပါဝင်နေမယ်လို့ သိရပါတယ်။


ကင်မရာပိုင်းအရဆိုရင်တော့ Galaxy Z Flip လေးမှာတော့ 12MP အနောက်ကင်မရာနှစ်လုံးနဲ့ 10MP selfie ကင်မရာတစ်လုံးပါဝင်ပါမယ်။ အဲဒီစမတ်ဖုန်းလေးကို One UI 2.1 နဲ့တွေ့မြင်ရမှာဖြစ်ပြီး 256 GB မမ်မိုရီပါဝင်လို့ သိမ်းချင်တာသိမ်း အေးဆေးပဲပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.