ချစ်သူများနေ့မှာ ကြေညာမယ့် Galaxy Z Flip ရဲ့ဈေးနှုန်းပေါက်ကြားလာ

0
687

Zawgyi

အခုသတင္းေပါက္ၾကားမႈအရ Galaxy Z Flip ေလးကို ေဒၚလာ၁၄၀၀ နဲ႔ ေရာင္းခ်မယ္လို႔ သိလိုက္ရပါၿပီ။
Samsung ရဲ႕ Galaxy Z Flip ေခါက္ခ်ိဳးဖုန္းေလးဟာ ေကာလာဟလသတင္းေတြ အေျမာက္အမ်ား ထြက္ရွိေနပါတယ္။ အခုထပ္မံသိလိုက္ရတဲ့သတင္းအရ သူ႔ရဲ႕ေဈးႏႈန္းကေတာ့ မ်က္ရည္ေပါက္ေပါက္က်သြားေစေလာက္တဲ့ ေဒၚလာ၁၄၀၀ ျဖစ္ပါတယ္။
Tipster တစ္ေယာက္ျဖစ္တဲ့ Max Weinbach ဟာ Samsung Galaxy Z Flip ကို ေဖေဖာ္ဝါရီ၁၄ရက္ေန႔မွာ ထုတ္ေဖာ္ျပသမယ္ဆိုတဲ့ တြိေလးကို ရွယ္ထားပါတယ္။ ရက္ကေလးက အံ့ၾသစရာျဖစ္ေနပါတယ္။ ဟုတ္ပါတယ္။ Galaxy Unpacked event ျဖစ္တဲ့ Galaxy S20, Galaxy S20 Plus, Galaxy S20 Ultra တို႔ကိုျပသမယ့္ပြဲအၿပီး သုံးရက္ေျမာက္ေန႔ျဖစ္ပါတယ္။
ေဒၚလာ၁၄၀၀ဆိုတဲ့ေဈးႏႈန္းဟာ ကြၽန္ေတာ္တို႔ခန႔္မွန္းထားၾကတဲ့ ေဒၚလာ၈၀၀ ဆိုတာထက္ေတာ့ အမ်ားႀကီးကြာျခားလို႔ေနပါတယ္။ AT&T exclusive အေနနဲ႔ ထြက္ရွိလာမယ္ဆိုေပမယ့္ အခ်ိန္အတိုင္းအတာတစ္ခုအထိပါပဲ။ ေနာက္ပိုင္းမွာေတာ့ unlock အေနနဲ႔ ေရာင္းခ်မွာပါ။

Unicode

အခုသတင်းပေါက်ကြားမှုအရ Galaxy Z Flip လေးကို ဒေါ်လာ၁၄၀၀ နဲ့ ရောင်းချမယ်လို့ သိလိုက်ရပါပြီ။
Samsung ရဲ့ Galaxy Z Flip ခေါက်ချိုးဖုန်းလေးဟာ ကောလာဟလသတင်းတွေ အမြောက်အများ ထွက်ရှိနေပါတယ်။ အခုထပ်မံသိလိုက်ရတဲ့သတင်းအရ သူ့ရဲ့ဈေးနှုန်းကတော့ မျက်ရည်ပေါက်ပေါက်ကျသွားစေလောက်တဲ့ ဒေါ်လာ၁၄၀၀ ဖြစ်ပါတယ်။
Tipster တစ်ယောက်ဖြစ်တဲ့ Max Weinbach ဟာ Samsung Galaxy Z Flip ကို ဖေဖော်ဝါရီ၁၄ရက်နေ့မှာ ထုတ်ဖော်ပြသမယ်ဆိုတဲ့ တွိလေးကို ရှယ်ထားပါတယ်။ ရက်ကလေးက အံ့သြစရာဖြစ်နေပါတယ်။ ဟုတ်ပါတယ်။ Galaxy Unpacked event ဖြစ်တဲ့ Galaxy S20, Galaxy S20 Plus, Galaxy S20 Ultra တို့ကိုပြသမယ့်ပွဲအပြီး သုံးရက်မြောက်နေ့ဖြစ်ပါတယ်။
ဒေါ်လာ၁၄၀၀ဆိုတဲ့ဈေးနှုန်းဟာ ကျွန်တော်တို့ခန့်မှန်းထားကြတဲ့ ဒေါ်လာ၈၀၀ ဆိုတာထက်တော့ အများကြီးကွာခြားလို့နေပါတယ်။ AT&T exclusive အနေနဲ့ ထွက်ရှိလာမယ်ဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိပါပဲ။ နောက်ပိုင်းမှာတော့ unlock အနေနဲ့ ရောင်းချမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.