Galaxy Z Flip တွင် Snapdragon 855+ ၊ 12MP+12MP နှင့် 1 လက်မ ဒုတိယရုပ်ထွက်ပါဝင်မည်

0
280

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Samsung Galaxy Z Flip ကို Snapdragon 855+ နှင့် ပါဝါထောက်ပံ့လာမယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက ဒီဖုန်းမှာ Snapdragon 855 ဘဲသုံးလာမယ်လို့ သတင်းထွက်ထားခဲ့တာပါ။

နောက်ထပ် သိရတာကတော့ Samsung Galaxy Z Flip ရဲ့ ကျောဘက်မှာပါဝင်လာမယ့် ရုပ်ထွက်က 1 လက်မရှိကြောင်း သိရပါတယ်။ ယင်း 1 လက်မ ရုပ်ထွက်ငယ်မှာ ဘက်ထရီပမာဏ၊ အချိန်၊ နေ့ရက်တို့ကို ပြသပေးမယ့်အပြင် Camera Viewer အဖြစ်လည်း သုံးနိုင်ပါမယ်။
ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာမှာဖြစ်ပြိး 12MP+12MP ဖြစ်ကြောင်း သိရပါတယ်။ ဘက်ထရီ 3300 mAh ပါဝင်မှာဖြစ်ပြီး 15W Fast Charging အပြင် Wireless နှင့် Reverse Wireless Charging တို့လည်း ပါဝင်ပါမယ်။ Samsung Unpacked ပွဲကို မိတ်ဆက်ဖို့ သုံးပတ်ဘဲလိုပါတော့တယ်။ ယင်းပွဲမှာ Samsung ဟာ Galaxy S20 စီးရီးနဲ့အတူ Galaxy Z Flip ကိုလည်း ကြေညာလာပါမယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.