ယနေ့မှာ iPhone 9 ရဲ့ ဒီဇိုင်းဓာတ်ပုံများ ထွက်ပေါ်လာပြီး အရောင်ဒီဇိုင်းတွေပါ မြင်လိုက်ရပါတယ်။ Apple iPhone 9 ကို အနက်ရောင်၊ အဖြူရောင်၊ အနီရောင်တို့နှင့် ထုတ်လုပ်လာပါမယ်။ iPhone 9 ဒီဇိုင်းက iPhone 8 နှင့် အတူတူ ဖြစ်လာပါမယ်။ Apple ဟာ အနီရောင်ဗားရှင်း iPhone ကို iPhone 7 မှာ စတင်ထုတ်လုပ်ပြီးနောက် လူကြိုက်များတာကြောင့် iPhone 9 အထိ ထုတ်လုပ်ရောင်းချလာဦးမှာ ဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကို ကြည့်လိုက်ရင် ကျောဘက်မှာ ကင်မရာတစ်လုံးနှင့် LED Flash တို့ပါဝင်ပြီး ယခင် iPhone များလိုဘဲ Apple လိုဂို ပါဝင်ပါတယ်။မျက်နှာပြင် 4.7 လက်မ သုံးလာမှာဖြစ်ပြီး Home Button မှာ Touch ID ကို ထည့်သွင်းလာမယ်လို့ သိရပါတယ်။ ဒီဖုန်းကို iPhone 11 မှာ အသုံးပြုထားတဲ့ Apple A13 Bionic Chipset နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး RAM3GB နှင့် Storage 64GB ပါဝင်လာမယ်လို့ သိရပါတယ်။
ကျောဘက်ကင်မရာ 12MP နှင့် ရှေ့ကင်မရာ 8MP ပါဝင်လာမယ်လို့ ယူဆပါတယ်။ ဒီဖုန်းဈေးနှုန်းက ဒေါ်လာ 399 ဖြစ်လာမယ်လို့ ယူဆရပါတယ်။ Apple ဟာ မတ်လအတွင်းမှာ တန်ဖိုးသင့် iPhone သစ်အဖြစ် iPhone 9 (iPhone SE 2) ကို ကြေညာလာမှာပါ။ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ iPhone 9 ကို စတင်တပ်ဆင်ထုတ်လုပ်ပြီး မတ်လအတွင်းမှာ ကြေညာလာမှာ ဖြစ်ပါတယ်။
zawgyi
Apple iPhone 9 ရဲ႕ ဒီဇိုင္းဓာတ္ပုံေတြ ထြက္ရွိလာ
ယေန႔မွာ iPhone 9 ရဲ႕ ဒီဇိုင္းဓာတ္ပုံမ်ား ထြက္ေပၚလာၿပီး အေရာင္ဒီဇိုင္းေတြပါ ျမင္လိုက္ရပါတယ္။ Apple iPhone 9 ကို အနက္ေရာင္၊ အျဖဴေရာင္၊ အနီေရာင္တို႔ႏွင့္ ထုတ္လုပ္လာပါမယ္။ iPhone 9 ဒီဇိုင္းက iPhone 8 ႏွင့္ အတူတူ ျဖစ္လာပါမယ္။ Apple ဟာ အနီေရာင္ဗားရွင္း iPhone ကို iPhone 7 မွာ စတင္ထုတ္လုပ္ၿပီးေနာက္ လူႀကိဳက္မ်ားတာေၾကာင့္ iPhone 9 အထိ ထုတ္လုပ္ေရာင္းခ်လာဦးမွာ ျဖစ္ပါတယ္။
ဒီဇိုင္းပိုင္းကို ၾကည့္လိုက္ရင္ ေက်ာဘက္မွာ ကင္မရာတစ္လုံးႏွင့္ LED Flash တို႔ပါဝင္ၿပီး ယခင္ iPhone မ်ားလိုဘဲ Apple လိုဂို ပါဝင္ပါတယ္။မ်က္ႏွာျပင္ 4.7 လက္မ သုံးလာမွာျဖစ္ၿပီး Home Button မွာ Touch ID ကို ထည့္သြင္းလာမယ္လို႔ သိရပါတယ္။ ဒီဖုန္းကို iPhone 11 မွာ အသုံးျပဳထားတဲ့ Apple A13 Bionic Chipset ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး RAM3GB ႏွင့္ Storage 64GB ပါဝင္လာမယ္လို႔ သိရပါတယ္။
ေက်ာဘက္ကင္မရာ 12MP ႏွင့္ ေရွ႕ကင္မရာ 8MP ပါဝင္လာမယ္လို႔ ယူဆပါတယ္။ ဒီဖုန္းေဈးႏႈန္းက ေဒၚလာ 399 ျဖစ္လာမယ္လို႔ ယူဆရပါတယ္။ Apple ဟာ မတ္လအတြင္းမွာ တန္ဖိုးသင့္ iPhone သစ္အျဖစ္ iPhone 9 (iPhone SE 2) ကို ေၾကညာလာမွာပါ။ လာမယ့္ ေဖေဖာ္ဝါရီလအတြင္းမွာ iPhone 9 ကို စတင္တပ္ဆင္ထုတ္လုပ္ၿပီး မတ္လအတြင္းမွာ ေၾကညာလာမွာ ျဖစ္ပါတယ္။