AirDrop လို သုံးနိုင်မယ့် Samsung ရဲ့ Quick Share

0
341

ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ AirDrop လိုသုံးနိုင်မယ့် Quick Share စနစ်ကို ဖန်တီးနေပါတယ်။ ကုမ္ပဏီရဲ့ Quick Share စနစ်က Samsung စမတ်ဖုန်းတွေအကြားမှာ အလုပ်လုပ်ပါမယ်။ Samsung စမတ်ဖုန်း၊ Samsung Tablet တိုင်းမှာ Quick Share စနစ်ကိုသုံးပြီး File Share လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Quick Share စနစ်ကို Google ရဲ့ Fast Share နဲ့ Setting Menu လုပ်လို့လည်း ရနိုင်မှာပါ။ အသုံးပြုသူများအနေဖြင့် Quick Share ကိုသုံးကာ ဖိုင်အပြင် Contact ကိုလည်း Share လုပ်နိုင်ပြီး SmartThings Device (အခြား Samung Devices) များသို့ ဖိုင်လွဲပေးနိုင်ပါမယ်။
Samsung ဟာ Quick Share စနစ်ကို Galaxy S20 စီးရီးမှာ စတင် ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ Xiaomi၊ OPPO ၊ Vivo ၊ Realme တို့ကလည်း AirDrop လိုမျိုး စနစ်တွေ ပူးပေါင်းဖန်တီးထားပြီး ဖြစ်ပါတယ်။ Google က Fast Share ကို သူတို့ရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုဖို့ ထုတ်လွှင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.