မ်က္စိအစာေကၽြးလို႕ေကာင္းတဲ့ iPhone 12 renders အသစ္ေလး

0
2969

Zawgyi

ဒီႏွစ္အတြက္ iPhone 12 စီးရီးအသစ္ေလးမွာ 5G ေထာက္ပံ့မႈ၊ display အရြယ္အစားသံုးမ်ိဳးနဲ႕ထြက္ရွိလာမယ့္ ဖုန္းေလးလံုးေတြနဲ႕ ဖြဲ႕စည္းတည္ေဆာက္ထားတဲ့အျပင္ အရင္မ်ိဳးဆက္ေတြမွာ ျမင္ေတြ႕ခဲ့ရတဲ့ ဒီဇုိင္းေတြအားလံုးကုိ အၾကီးအက်ယ္ေျပာင္းလဲထားတယ္လို႕လည္း သိရပါတယ္။ iPhone 12, iPhone 12 Pro, iPhone 12 Pro Max တို႕မွာ အေနာက္ကင္မရာတပ္ဆင္ပံုအသစ္ကို ေတြ႕ျမင္ရမွာပါ။ အဲဒီဖုန္းေတြမွာ 5G ေထာက္ပံ့မႈပါ၀င္မွာျဖစ္သလို အရြယ္အစားေတြကေတာ့ ၅.၄လက္မ၊ ၆.၁လက္မ၊ ၆.၇လက္မ အေနနဲ႕ ထြက္ရွိလာမွာျဖစ္ျပီး OLED screen နဲ႕ 2mm အနားကြပ္ေတြကို ေသခ်ာေလးျပင္ဆင္ထားပါတယ္။
iPhone 12 အတြက္ render ေလးေတြကို ကၽြန္ေတာ္တို႕ ေတြ႕ျမင္ေနရပါျပီ။ ေအာက္မွာျပထားတဲ့ render ေလးကေတာ့ ေကာလာဟလေတြနဲ႕ ေပါက္ၾကားမႈေတြကို ေပါင္းစပ္ျပီးေတာ့ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ LetsGoDitital နဲ႕ ဒီဇုိင္နာ Jermaine Smit တို႕ရဲ႕ ေပါင္းစည္းမႈလက္ရာလို႕လည္း ေျပာႏုိင္ပါတယ္။
iPhone 12 ရဲ႕ အေသးဆံုးေမာ္ဒယ္လ္ျဖစ္တဲ့ ၅.၄လက္မဗားရွင္းမွာ OLED display နဲ႕ အေနာက္ကင္မရာႏွစ္လံုးတပ္ဆင္ထားတာကို ျမင္ေတြ႕ရမွာပါ။ ၆.၁လက္မ OLED ဗားရွင္းမွာေတာ့ ကင္မရာႏွစ္လံုး၊ ၆.၇လက္မ OLED ဗားရွင္းမွာေတာ့ ကင္မရာသံုးလံုးကုို 3D Time-of-Flight ကင္မရာနဲ႕ တြဲဖက္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
ကမာၻ႕ထိပ္တန္း Apple Insider တစ္ေယာက္ျဖစ္တဲ့ Ming-Chi Kuo ကေတာ့ ဖုန္းေလးမွာ metal frame edge ေလးေတြပါ၀င္ျပီးေတာ့ ပါးလႊာမႈကိုလည္း ခံစားရမယ္လို႕ ဆိုထားပါတယ္။ ဥပမာ iPhone 12 Pro Max ဟာ 7.4mm ရွိတာမို႕ iPhone 11 Pro Max ထက္ ၁၀% ပိုပါးလႊာပါတယ္။ Face ID နဲ႕ TrueDepth ကင္မရာေတြကို ဖုန္းရဲ႕ notch အတြင္းမွာ ထည့္သြင္းထားေလာက္ဦးမွာပါ။
ကင္မရာ feature နဲ႕ေျပာင္းလဲမႈေတြကို ေျပာရမယ္ဆုိရင္ေတာ့ iPhone 12 မွာ ကင္မရာႏွစ္လံုးဟာ wide-angle နဲ႕ ultra-wide-angle lens ျဖစ္ႏုိင္ပါတယ္။ Pro ေမာ္ဒယ္လ္ေတြမွာေတာ့ lens တစ္လံုးအပိုပါလာႏုိင္ပါတယ္။။ telephoto lens ျဖစ္ေလာက္ပါတယ္။ iPhone 11 မွာလို Deep Fusion ပါလာမွာပါ။ Deep Fusion ဟာ အလင္းအားနည္းတဲ့အခ်ိန္မွာ ရုိက္ကူးႏုိင္ေစဖို႕ ကူညီေပးမွာပါ။
Apple ဟာ AR ပိုင္းကုိလည္း ေတာ္ေတာ္ေလးလုပ္ေဆာင္ေနတယ္လို႕ သိရျပန္ပါတယ္။ ဒီေတာ့ AR နဲ႕သက္ဆုိင္တဲ့ feature အသစ္ေတြကိုလည္း ေစာင့္ေမွ်ာ္ေနမိပါတယ္။
ဖုန္းအသစ္ေတြမွာ အသံုးျပဳမယ့္ A14 Bionic chip ကို ပထမဆံုး benchmark ရလဒ္ျမင္ေတြ႕ဖို႕အတြက္လည္း စိတ္လႈပ္ရွားေနမိပါတယ္။ iOS 14 မွာလည္း ပိုမိုေကာင္းမြန္တဲ့ျပဳျပင္မႈေတြ ေတြ႕ျမင္ရလိမ့္မယ္ဆိုတာ ေသခ်ာေနျပန္ပါတယ္။

Unicode

ဒီနှစ်အတွက် iPhone 12 စီးရီးအသစ်လေးမှာ 5G ထောက်ပံ့မှု၊ display အရွယ်အစားသုံးမျိုးနဲ့ထွက်ရှိလာမယ့် ဖုန်းလေးလုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အပြင် အရင်မျိုးဆက်တွေမှာ မြင်တွေ့ခဲ့ရတဲ့ ဒီဇိုင်းတွေအားလုံးကို အကြီးအကျယ်ပြောင်းလဲထားတယ်လို့လည်း သိရပါတယ်။ iPhone 12, iPhone 12 Pro, iPhone 12 Pro Max တို့မှာ အနောက်ကင်မရာတပ်ဆင်ပုံအသစ်ကို တွေ့မြင်ရမှာပါ။ အဲဒီဖုန်းတွေမှာ 5G ထောက်ပံ့မှုပါဝင်မှာဖြစ်သလို အရွယ်အစားတွေကတော့ ၅.၄လက်မ၊ ၆.၁လက်မ၊ ၆.၇လက်မ အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး OLED screen နဲ့ 2mm အနားကွပ်တွေကို သေချာလေးပြင်ဆင်ထားပါတယ်။
iPhone 12 အတွက် render လေးတွေကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ အောက်မှာပြထားတဲ့ render လေးကတော့ ကောလာဟလတွေနဲ့ ပေါက်ကြားမှုတွေကို ပေါင်းစပ်ပြီးတော့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ LetsGoDitital နဲ့ ဒီဇိုင်နာ Jermaine Smit တို့ရဲ့ ပေါင်းစည်းမှုလက်ရာလို့လည်း ပြောနိုင်ပါတယ်။
iPhone 12 ရဲ့ အသေးဆုံးမော်ဒယ်လ်ဖြစ်တဲ့ ၅.၄လက်မဗားရှင်းမှာ OLED display နဲ့ အနောက်ကင်မရာနှစ်လုံးတပ်ဆင်ထားတာကို မြင်တွေ့ရမှာပါ။ ၆.၁လက်မ OLED ဗားရှင်းမှာတော့ ကင်မရာနှစ်လုံး၊ ၆.၇လက်မ OLED ဗားရှင်းမှာတော့ ကင်မရာသုံးလုံးကို 3D Time-of-Flight ကင်မရာနဲ့ တွဲဖက်မြင်တွေ့ရမှာဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း Apple Insider တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ကတော့ ဖုန်းလေးမှာ metal frame edge လေးတွေပါဝင်ပြီးတော့ ပါးလွှာမှုကိုလည်း ခံစားရမယ်လို့ ဆိုထားပါတယ်။ ဥပမာ iPhone 12 Pro Max ဟာ 7.4mm ရှိတာမို့ iPhone 11 Pro Max ထက် ၁၀% ပိုပါးလွှာပါတယ်။ Face ID နဲ့ TrueDepth ကင်မရာတွေကို ဖုန်းရဲ့ notch အတွင်းမှာ ထည့်သွင်းထားလောက်ဦးမှာပါ။
ကင်မရာ feature နဲ့ပြောင်းလဲမှုတွေကို ပြောရမယ်ဆိုရင်တော့ iPhone 12 မှာ ကင်မရာနှစ်လုံးဟာ wide-angle နဲ့ ultra-wide-angle lens ဖြစ်နိုင်ပါတယ်။ Pro မော်ဒယ်လ်တွေမှာတော့ lens တစ်လုံးအပိုပါလာနိုင်ပါတယ်။။ telephoto lens ဖြစ်လောက်ပါတယ်။ iPhone 11 မှာလို Deep Fusion ပါလာမှာပါ။ Deep Fusion ဟာ အလင်းအားနည်းတဲ့အချိန်မှာ ရိုက်ကူးနိုင်စေဖို့ ကူညီပေးမှာပါ။
Apple ဟာ AR ပိုင်းကိုလည်း တော်တော်လေးလုပ်ဆောင်နေတယ်လို့ သိရပြန်ပါတယ်။ ဒီတော့ AR နဲ့သက်ဆိုင်တဲ့ feature အသစ်တွေကိုလည်း စောင့်မျှော်နေမိပါတယ်။
ဖုန်းအသစ်တွေမှာ အသုံးပြုမယ့် A14 Bionic chip ကို ပထမဆုံး benchmark ရလဒ်မြင်တွေ့ဖို့အတွက်လည်း စိတ်လှုပ်ရှားနေမိပါတယ်။ iOS 14 မှာလည်း ပိုမိုကောင်းမွန်တဲ့ပြုပြင်မှုတွေ တွေ့မြင်ရလိမ့်မယ်ဆိုတာ သေချာနေပြန်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.