ဘက်ထရီ 7000 mAhပါဝင်တဲ့ Lenovo M10 FHD REL တက်ဘလက် သစ်ကို ကြေငြာ

0
319

Lenovo အနေနဲ့ Tablet သစ်တစ်လုံးကို ကြေငြာလာပါတယ်။ မော်ဒယ်ကတော့ Lenovo M10 FHD REL ဖြစ်ပြီး ဒီ Tablet သစ်မှာ မျက်နှာပြင် 10.1 လက်မ၊ FHD IPS LCD ရုပ်ထွက်၊ ရှေ့ကင်မရာ 5MP ၊ စပီကာနှစ်လုံးနှင့် ကျောဘက်ကင်မရာ 8MP တို့ ပါဝင်ပါတယ်။


စပီကာနှစ်လုံးကို မျက်နှာပြင်မှာ ထည့်သွင်းထားတာကြောင့် MTV ၊ ရုပ်ရှင်ကြည့်တဲ့အခါ ကောင်းမွန်တဲ့အသံကို ခံစားရမှာ ဖြစ်ပါတယ်။ Lenovo M10 FHD REL ကို Snapdragon 450 SoC ၊ RAM3GB နှင့် အထိုင်ချထားပြီး Storage 32GB ပါဝင်ပါတယ်။ micro SD မှတဆင့် ထပ်တိုးနိုင်ပါမယ်။
Android 9 Pie ပါဝင်ပါတယ်။ဘက်ထရီ 70000 mAh ပါဝင်ပြီး microUSB မှ အားသွင်းရပါမယ်။ Dual-Band WiFi ၊ နားကြပ်ပေါက်နှင့် FM Radio တို့ ပါဝင်ပါတယ်။ Lenovo M10 FHD REL ကို ဈေးနှုန်းဒေါ်လာ 196 သတ်မှတ်ထားပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.