မိုတိုရိုလာ စမတ်ဖုန်း တလုံးရဲ့ ပုံရိပ်တွေ အွန်လိုင်းမှာ ထွက်ရှိလာပါတယ်။ နာမည်ကျော် leakster တဦးက ထုတ်ဖော်ခဲ့တဲ့ အဲ့ဒီပုံမှာ high-end ဖုန်းပုံစံမျိုးဖြစ်ပြီး Edge+ နာမည်ပေးထားပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တခုကလည်း မိုတိုရိုလာဖုန်းသစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို မျှဝေပေးခဲ့ပါတယ်။ အဲဒီမှာတော့ မတူညီတဲ့ပုံစံမျိုးကို တွေ့ပါတယ်။ ဒါကြောင့် ဒီဖုန်းဟာ Edge+ မဟုတ်ပဲ အခြားဖုန်း တမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဖုန်းသစ်နဲ့ပတ်သတ်ပြီး နောက်ထပ် အံ့အားသင့်စရာ အချက်က သူ့မှာ stylus ထည့်ပေးထားတာပါ။ ပြီးတော့ ဖုန်းရဲ့ဒီဇိုင်းကလည်း ပါးလွှာတဲ့ပုံစံမျိုးဖြစ်ပြီး ဘေးဘောင်လေးတွေကလည်း ကျဉ်းမြောင်းပါတယ်။ ဖုန်းရဲ့မျက်နှာပြင်မှာတော့ ကင်မရာကို puch hole ပုံစံထည့်ပေးထားပါတယ်။ ဒီဖုန်းနဲ့ပတ်သတ်ပြီး တိကျသေချာတဲ့ အထောက်အထားတော့ သေချာမတွေ့ရသေးပါဘူး။
မကြာသေးခင်ကလည်း Motorola ရဲ့ အသစ်ထွက်လာမယ့် စမတ်ဖုန်းလို့ သတ်မှတ်နိုင်မယ့် ဖုန်းမော်ဒယ် တမျိုးဟာ FCC ကိုရောက်လာပါတယ်။ ဖုန်းရဲ့ codename ကိုတော့ ‘Blackjack’ လို့ပေးထားပြီး မဝေးတော့တဲ့ ကာလမှာ မိတ်ဆက်လာနိုင်ပါတယ်။ FCC အသိအမှတ်ပြု အချက်အလက်တွေအရ ဖုန်းရဲ့မော်ဒယ်နံပတ်ကို မြင်တွေ့ခဲ့ရပြီး XT2055-2 လို့ပေးထားပါတယ်။
zawgyi
stylus ပါတဲ့ Motorola စမတ္ဖုန္းရဲ႕ ပုံရိပ္ေတြထြက္လာ
မိုတို႐ိုလာ စမတ္ဖုန္း တလုံးရဲ႕ ပုံရိပ္ေတြ အြန္လိုင္းမွာ ထြက္ရွိလာပါတယ္။ နာမည္ေက်ာ္ leakster တဦးက ထုတ္ေဖာ္ခဲ့တဲ့ အဲ့ဒီပုံမွာ high-end ဖုန္းပုံစံမ်ိဳးျဖစ္ၿပီး Edge+ နာမည္ေပးထားပါတယ္။ ေနာက္ထပ္ သတင္းရင္းျမစ္တခုကလည္း မိုတို႐ိုလာဖုန္းသစ္နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကို မွ်ေဝေပးခဲ့ပါတယ္။ အဲဒီမွာေတာ့ မတူညီတဲ့ပုံစံမ်ိဳးကို ေတြ႕ပါတယ္။ ဒါေၾကာင့္ ဒီဖုန္းဟာ Edge+ မဟုတ္ပဲ အျခားဖုန္း တမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။
ဖုန္းသစ္နဲ႔ပတ္သတ္ၿပီး ေနာက္ထပ္ အံ့အားသင့္စရာ အခ်က္က သူ႔မွာ stylus ထည့္ေပးထားတာပါ။ ၿပီးေတာ့ ဖုန္းရဲ႕ဒီဇိုင္းကလည္း ပါးလႊာတဲ့ပုံစံမ်ိဳးျဖစ္ၿပီး ေဘးေဘာင္ေလးေတြကလည္း က်ဥ္းေျမာင္းပါတယ္။ ဖုန္းရဲ႕မ်က္ႏွာျပင္မွာေတာ့ ကင္မရာကို puch hole ပုံစံထည့္ေပးထားပါတယ္။ ဒီဖုန္းနဲ႔ပတ္သတ္ၿပီး တိက်ေသခ်ာတဲ့ အေထာက္အထားေတာ့ ေသခ်ာမေတြ႕ရေသးပါဘူး။
မၾကာေသးခင္ကလည္း Motorola ရဲ႕ အသစ္ထြက္လာမယ့္ စမတ္ဖုန္းလို႔ သတ္မွတ္ႏိုင္မယ့္ ဖုန္းေမာ္ဒယ္ တမ်ိဳးဟာ FCC ကိုေရာက္လာပါတယ္။ ဖုန္းရဲ႕ codename ကိုေတာ့ ‘Blackjack’ လို႔ေပးထားၿပီး မေဝးေတာ့တဲ့ ကာလမွာ မိတ္ဆက္လာႏိုင္ပါတယ္။ FCC အသိအမွတ္ျပဳ အခ်က္အလက္ေတြအရ ဖုန္းရဲ႕ေမာ္ဒယ္နံပတ္ကို ျမင္ေတြ႕ခဲ့ရၿပီး XT2055-2 လို႔ေပးထားပါတယ္။