Galaxy S20+, S20 Ultra ပရီအော်ဒါတင်သူတွေကို Galaxy Buds+ ပေးမယ့် Samsung

0
1231

Samsung အနေနဲ့ Galaxy S20 series စမတ်ဖုန်းတွေကို လာမယ့်လ ၁၁ ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပြသပြီးတာနဲ့ မတ်လ ၁၃ရက်နေ့အထိ ဒီဖုန်းတွေကို ကြိုတင်မှာယူမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ ပရီအော်ဒါတင်သူတွေကို Galaxy Buds+ တွေ လက်ဆောင်ထည့်ပေးသွားမယ်လို့ သိရပါတယ်။

Evan Blass ကတင်ထားတဲ့ သတင်းဖြစ်ပြီး ပုံမှာဖုန်းရဲ့ ဈေးကွက်မြင့်တင်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ S20+, S20 Ultra နဲ့ Buds+ ဒီဇိုင်းတွေကတော့ အရင်အတိုင်းပြောင်းလဲမှု မရှိပါဘူး။ Galaxy Buds+ နဲ့ပတ်သတ်ပြီး ကုမ္ပဏီဘက်က တရားဝင်ထုတ်ပြန်ချက်တွေ မရှိသေးပေမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ Galaxy S20 series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်ထုတ်ပြနိုင်ခြေရှိပါတယ်။
သတင်းပေါက်ကြားချက်အရ Buds+ ဟာအရင်ဒီဇိုင်းအတိုင်း ပြောင်းလဲမှုရှိမှာ မဟုတ်ပေမယ့် ဘက်ထရီပိုင်းမှာ ပိုစွမ်းအားကောင်းလာမှာ ဖြစ်ပါတယ်။ Galaxy S20+ မှာ အသုံးပြုထားတဲ့ စနစ်တွေက S20 နဲ့ အတူတူ ဖြစ်ပြီး ကျောဘက်ကင်မရာ 3D ToF ပါဝင်လာတာနှင့် မျက်နှာပြင် 6.7 လက်မ သုံးတဲ့ အပိုင်းမှာ ကွဲပြားသွားပါတယ်။ အရွယ်အစားကြီးမားသလို ဘက်ထရီ 4500 mAh ပါဝင်ပါတယ်။ Samsung Galaxy S20 Ultra ဖုန်းကတော့ Galaxy S20 စီးရီးမှာ အရွယ်အစားအကြီးမားဆုံး ဖြစ်ပါတယ်။ မျက်နှာပြင် 6.9 လက်မရှိပြီး ရုပ်ထွက်ပိုင်းက အခြားဖုန်းများနှင့် အတူတူ ဖြစ်ပါတယ်။

zawgyi

Galaxy S20+, S20 Ultra ပရီေအာ္ဒါတင္သူေတြကို Galaxy Buds+ ေပးမယ့္ Samsung

Samsung အေနနဲ႔ Galaxy S20 series စမတ္ဖုန္းေတြကို လာမယ့္လ ၁၁ ရက္ေန႔မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ မိတ္ဆက္ျပသၿပီးတာနဲ႔ မတ္လ ၁၃ရက္ေန႔အထိ ဒီဖုန္းေတြကို ႀကိဳတင္မွာယူမႈေတြ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ အခုေနာက္ဆုံးထြက္လာတဲ့ သတင္းေတြအရ ပရီေအာ္ဒါတင္သူေတြကို Galaxy Buds+ ေတြ လက္ေဆာင္ထည့္ေပးသြားမယ္လို႔ သိရပါတယ္။

Evan Blass ကတင္ထားတဲ့ သတင္းျဖစ္ၿပီး ပုံမွာဖုန္းရဲ႕ ေဈးကြက္ျမင့္တင္တဲ့ ပုံစံမ်ိဳးျဖစ္ပါတယ္။ S20+, S20 Ultra နဲ႔ Buds+ ဒီဇိုင္းေတြကေတာ့ အရင္အတိုင္းေျပာင္းလဲမႈ မရွိပါဘူး။ Galaxy Buds+ နဲ႔ပတ္သတ္ၿပီး ကုမၸဏီဘက္က တရားဝင္ထုတ္ျပန္ခ်က္ေတြ မရွိေသးေပမယ့္ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ Galaxy S20 series စမတ္ဖုန္းေတြနဲ႔အတူ မိတ္ဆက္ထုတ္ျပႏိုင္ေျခရွိပါတယ္။
သတင္းေပါက္ၾကားခ်က္အရ Buds+ ဟာအရင္ဒီဇိုင္းအတိုင္း ေျပာင္းလဲမႈရွိမွာ မဟုတ္ေပမယ့္ ဘက္ထရီပိုင္းမွာ ပိုစြမ္းအားေကာင္းလာမွာ ျဖစ္ပါတယ္။ Galaxy S20+ မွာ အသုံးျပဳထားတဲ့ စနစ္ေတြက S20 နဲ႔ အတူတူ ျဖစ္ၿပီး ေက်ာဘက္ကင္မရာ 3D ToF ပါဝင္လာတာႏွင့္ မ်က္ႏွာျပင္ 6.7 လက္မ သုံးတဲ့ အပိုင္းမွာ ကြဲျပားသြားပါတယ္။ အ႐ြယ္အစားႀကီးမားသလို ဘက္ထရီ 4500 mAh ပါဝင္ပါတယ္။ Samsung Galaxy S20 Ultra ဖုန္းကေတာ့ Galaxy S20 စီးရီးမွာ အ႐ြယ္အစားအႀကီးမားဆုံး ျဖစ္ပါတယ္။ မ်က္ႏွာျပင္ 6.9 လက္မရွိၿပီး ႐ုပ္ထြက္ပိုင္းက အျခားဖုန္းမ်ားႏွင့္ အတူတူ ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.