Galaxy S20 ရဲ့ ပန်းရောင်နဲ့ မီးခိုးရောင် ကာဘာပုံများ ထွက်ရှိ

0
827

မကြာသေးမီက ထွက်ခဲ့တဲ့ ထွက်ရှိခဲ့တဲ့ Galaxy S20 နဲ့ပတ်သတ်တဲ့ ဓာတ်ပုံတွေမှာတော့ တိမ်အပြာရောင်(Cloud Blue ) အရောင်ပုံစံမျိုးလေးဖြစ်လို့နေပါတယ်။ ဒီနေ့မှာတော့ S20 ဖုန်းနဲ့ပတ်သတ်တဲ့ နောက်ထပ် ဓာတ်ပုံ ၂ခု ထပ်ထွက်လာပါတယ်။ အဲ့ဒါကတော့ Cloud Pink နဲ့ Cosmic Grey ဆိုတဲ့အရောင်တွေပါ။ ပုံတွေကိုအောက်မှာပြထားပါတယ်

ဒီလိုပုံစံဆိုရင်တော့ Galaxy S20 ဖုန်းဟာ အရောင်အတော် စုံစုံနဲ့ထွက်လာဖို့များပါတယ်။ ပြီးတော့ဒီဖုန်းတွေ အတွက် LED View Cover တွေလည်း ထွက်ရှိအုံးမှာပါ။ Galaxy S20 မှာ မျက်နှာပြင် 6.2 လက်မ 1440 x 3200 pxInifintiy O-Dynamic AMOLED ရုပ်ထွက်၊ 20:9 Aspect Ratio သုံးလာပါမယ်။ Punch-Hole Selfie Camera မှာ ရှေ့ကင်မရာ 10MP ပါဝင်လာမှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှုကို 4K@60fps ဖြင့် ပြုလုပ်နိုင်ပါမယ်။
120Hz Refresh Rate ပါဝင်ပါမယ်။ SasmungExynos 990 Chipset ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Storage 128GB ပါဝင်ကာ microSD မှတဆင့် ထပ်တိုးနိုင်ပါမယ်။ RAM ဘယ်လောက်ပါဝင်မယ်ဆိုတာ မဖော်ပြထားပေမယ့် အခြေခံဗားရှင်းမှာ RAM12GB ပါဝင်လာမယ်လို့ သိရပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ပါမယ်။ Android 10 အခြေခံ One UI 2.0 သုံးလာပါမယ်။

zawgyi

Galaxy S20 ရဲ႕ ပန္းေရာင္နဲ႔ မီးခိုးေရာင္ ကာဘာပုံမ်ား ထြက္ရွိ
မၾကာေသးမီက ထြက္ခဲ့တဲ့ ထြက္ရွိခဲ့တဲ့ Galaxy S20 နဲ႔ပတ္သတ္တဲ့ ဓာတ္ပုံေတြမွာေတာ့ တိမ္အျပာေရာင္(Cloud Blue ) အေရာင္ပုံစံမ်ိဳးေလးျဖစ္လို႔ေနပါတယ္။ ဒီေန႔မွာေတာ့ S20 ဖုန္းနဲ႔ပတ္သတ္တဲ့ ေနာက္ထပ္ ဓာတ္ပုံ ၂ခု ထပ္ထြက္လာပါတယ္။ အဲ့ဒါကေတာ့ Cloud Pink နဲ႔ Cosmic Grey ဆိုတဲ့အေရာင္ေတြပါ။ ပုံေတြကိုေအာက္မွာျပထားပါတယ္

ဒီလိုပုံစံဆိုရင္ေတာ့ Galaxy S20 ဖုန္းဟာ အေရာင္အေတာ္ စုံစုံနဲ႔ထြက္လာဖို႔မ်ားပါတယ္။ ၿပီးေတာ့ဒီဖုန္းေတြ အတြက္ LED View Cover ေတြလည္း ထြက္ရွိအုံးမွာပါ။ Galaxy S20 မွာ မ်က္ႏွာျပင္ 6.2 လက္မ 1440 x 3200 pxInifintiy O-Dynamic AMOLED ႐ုပ္ထြက္၊ 20:9 Aspect Ratio သုံးလာပါမယ္။ Punch-Hole Selfie Camera မွာ ေရွ႕ကင္မရာ 10MP ပါဝင္လာမွာျဖစ္ၿပီး ဗီဒီယို႐ိုက္ကူးမႈကို 4K@60fps ျဖင့္ ျပဳလုပ္ႏိုင္ပါမယ္။
120Hz Refresh Rate ပါဝင္ပါမယ္။ SasmungExynos 990 Chipset ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး Storage 128GB ပါဝင္ကာ microSD မွတဆင့္ ထပ္တိုးႏိုင္ပါမယ္။ RAM ဘယ္ေလာက္ပါဝင္မယ္ဆိုတာ မေဖာ္ျပထားေပမယ့္ အေျခခံဗားရွင္းမွာ RAM12GB ပါဝင္လာမယ္လို႔ သိရပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ပါမယ္။ Android 10 အေျခခံ One UI 2.0 သုံးလာပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.