Galaxy Fold 2 စမတ်ဖုန်းအား ဇွန်လတွင်ဖြန့်ချိလာနိုင်

0
553

ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ ဒုတိယခေါက်ဖုန်းလို့ ဆိုရမယ့် Galaxy Z Flip ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ Galaxy S20 စီးရီးဖုန်းသစ်တွေနဲ့ တပြိုင်တည်း ကြေညာမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ တရားဝင်ထုတ်ပေးလာမယ့် Galaxy Z Flip ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Galaxy Fold ကို ဆက်ခံမယ် ဖုန်းတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Samsung အနေနဲ့ Galaxy Fold ကိုခြေရာခံမယ့် ဒုတိယမျိုးဆက် Fold ဖုန်းကိုသီးသန့် လုပ်ဆောင်နေပါတယ်။

Galaxy Fold 2 ဖုန်းကတော့ ယခင်ဗားရှင်းနဲ့ပဲ တူညီပါတယ်။ အခု Galaxy Z Flip မသိရင် Motorola Razr နဲ့တောင် ဆင်တူပါတယ်။ ထွက်ရှိထားတဲ့ ကောလာဟလတွေအရ Fold 2 အရ ၊ 8″ display နဲ့ဖြစ်ပြီး 108 MP အဓိကင်မရာကို သုံးမယ်လို့ ဆိုပါတယ်။ Galaxy Fold 2 စမတ်ဖုန်းမှာ Qualcomm SoC ဖြစ်တဲ့ Snapdragon 855 သုံးလာမယ်လို့ သတင်းထွက်လာပါတယ်။
သတင်းအချက်အလက်တွေ အရ Galaxy Fold 2 ကို ဒေါ်လာ ၈၅၀ နဲ့ရောင်းချလာနိုင်ပြီး ယခင်မျိုးဆက်ထက် ဈေးသက်သာပါလိမ့်မယ်။ ဒုတိယမျိုးဆက် Galaxy Fold နဲ့ပတ်သတ်လို့ နောက်ထပ်သတင်းအချက်အလက်ကတော့ သူ့မှာထည့်ထားတဲ့ ဘက်ထရီတွေထဲက တခုဟာ 900 mAh စွမ်းအားရှိမယ်ဆိုတာပါ။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.