Realme Buds Air Iconic Cover ကို အိန္ဒိယမှာ ရောင်းချ

0
339

Realme ကတော့ Buds Air Iconic Cover ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။ R Logo ကို နာမည်ကျော် ဒီဇိုင်း ကုမ္ပဏီ Pentagram က ဖန်တီးပေးထားပါတယ်။ Logo ကို 3D Printing နည်းပညာကို သုံးပြီး ရိုက်နှိပ်ထားပါတယ်။ Type-C Port အပြင် ကြိုးမဲ့အားသွင်းနည်းပညာ ပါတဲ့အတွက် အားသွင်းမယ်ဆိုရင် ကာဗာကို ချွတ်စရာ မလိုပါဘူး။

realme Buds Air မှာ True Wireless အမျိုးအစား Bluetooth နာကြပ်ဖြစ်သည့်အပြင် မိမိအသုံးပြုသည့် device နဲ့ တစ်ကြိမ်ချိတ်ဆက်ပြီးပါက Charging Port (Casing) ကိုဖွင့်လိုက်ရုံဖြင့် အလိုအလျောက်ချိတ်ဆက်ပေးမည်ဖြစ်သည်။ Customerized R1 Chip ကိုအသုံးပြုပေးထားသည့်အားသာချက်ကြောင့် ဂိမ်းကစားရာတွင် Bluetooth နာကြပ်များကြုံတွေ့ရသည့် ရုပ်နှင့်အသံတစ်ထပ်တည်းမကျသည့် Latency ဖြစ်မှုကို 51% အထိလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Iconic Cover ဟာ Buds Air ကို ထည့်ထားနိုင်တဲ့ Case လေး ဖြစ်ပါတယ်။ သူ့မှာ ထိခိုက်မှုကို ခံနိုင်တဲ့ စွမ်းရည်ပါလာပြီး အမြင့်ကနေ အောက်ပြုတ်ကျတာကိုလည်း ခံနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာ ထည့်သွင်းထားပြီး အပြာ၊ အဝါ၊ အဖြူနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။၃၉၉ ရူပီး သတ်မှတ်ထားပြီး ဒီလ ၂၈ ရက်နေ့မှာ Flipkart နဲ့ realme.com တို့ကနေ ရောင်းပေးမှာ ဖြစ်ပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.