Razr 2019 ရဲ့ 5G မော်ဒယ်ကို ဖန်တီးနေတဲ့ Motorola

0
269

Motorola အနေနဲ့ Motorola Razr 2019 ဖုန်းရဲ့ 5G မော်ဒယ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ယခင်ထွက်ထားတဲ့ Motorola Razr 2019 ဟာ Foldable ဖုန်း ဖြစ်ပေမယ့် Snapdragon 710 Chipset ပဲ ထည့်ထားပြီး 5G ချိတ်ဆက်မှု ပါဝင်ခြင်း မရှိပါဘူး။

ကုမ္ပဏီအနေနဲ့ 5G ပါတဲ့ Motorola Razr ကို ကမ္ဘာအဝန်းမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။ 5G မပါတဲ့ Razr ကို ဗြိတိန်မှာ ကြိုတင်မှာယူခွင့်ပေးထားပြီး အမေရိကန်မှာ နောက်လ ၆ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။ Verizon ဟာ 5G ကို ထောက်ပံ့ပေးထားပေမယ့် Razr ရဲ့ 4G မော်ဒယ်ကို ရောင်းပေးမှာပါ။ 5G မော်ဒယ်မှာ Chipset အသစ်ပါလာနိုင်ပြီး Snapdragon 765G or MediaTek Dimensity ဖြစ်နိုင်ပါတယ်။
မူလ Motorola Razr 2019 ဖုန်းမှာ 6.2-inch (2142 x 876 pixels) နဲ့ဖြစ်ပြီး ဖုန်းကို ခေါက်ချိုးထားတဲ့အခါမှာ သိပ်ပြီး မထူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ကင်မရာအတွက် 16MP အဓိကဆင်ဆာ မှာ Laser Auto Focus , Night Vision Mode နဲ့ Electronic Image Stabilization တွေ အပြင် ဉာဏ်ရည်တု လုပ်ဆောင်ချက်တွေ ပါပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.