LG အနေနဲ့ 2020 ခုနှစ်အတွင်း Android 10 (LG UX 9.0) ရမယ့် ဖုန်း ၉ လုံးကို ကြေညာလိုက်ပါတယ်၊ အဲဒီ ဖုန်းတွေက LG V50, G8X, G8S, V40, G7, K50S, K40S, Q60 နဲ့ K50 တို့ ဖြစ်ပါတယ်။ Android 10 Update မှာ Google ရဲ့ Gesture Feature အသစ်နဲ့အတူ User Interface နဲ့ ဒီဇိုင်း အသစ်တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

LG က တောင်ကိုရီးယားမှာ Beta Program ပါဝင်ထားတဲ့ V50 စမတ်ဖုန်းတွေအတွက် Android 10 Update ကို ဖြန့်ချိပေးထားပြီးပါပြီ။ LG V50 ThinQ ဟာ LG ရဲ့ ပထမဆုံး မျက်နှာပြင် ၂ ခုပါတဲ့ စမတ်ဖုန်း ဖြစ်ပြီး နိုင်ငံတကာ မော်ဒယ်အတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ Android 10 ကို ဖြန့်ချိပေးမှာပါ။ ကွာတား ၂ မှာ LG G8X အတွက် Android 10 ရမှာပါ။ ကွာတား ၃ မှာ စွမ်းရည်မြင့် ဖုန်းတွေဖြစ်တဲ့ LG G7, LG G8S နဲ့ LG V40 တို့အတွက် ဖြန့်ချိပေးလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ တခြား K Series တွေဖြစ်တဲ့ LG K50S, LG K40S, LG K50 , LG Q60 နဲ့ Q Series တွေအတွက်လည်း ဒီနှစ်ထဲမှာ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။
zawgyi
Android 10 ရမယ့္ ဖုန္း ၉ လုံးကို LG ေၾကညာ
LG အေနနဲ႔ 2020 ခုႏွစ္အတြင္း Android 10 (LG UX 9.0) ရမယ့္ ဖုန္း ၉ လုံးကို ေၾကညာလိုက္ပါတယ္၊ အဲဒီ ဖုန္းေတြက LG V50, G8X, G8S, V40, G7, K50S, K40S, Q60 နဲ႔ K50 တို႔ ျဖစ္ပါတယ္။ Android 10 Update မွာ Google ရဲ႕ Gesture Feature အသစ္နဲ႔အတူ User Interface နဲ႔ ဒီဇိုင္း အသစ္ေတြ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

LG က ေတာင္ကိုရီးယားမွာ Beta Program ပါဝင္ထားတဲ့ V50 စမတ္ဖုန္းေတြအတြက္ Android 10 Update ကို ျဖန႔္ခ်ိေပးထားၿပီးပါၿပီ။ LG V50 ThinQ ဟာ LG ရဲ႕ ပထမဆုံး မ်က္ႏွာျပင္ ၂ ခုပါတဲ့ စမတ္ဖုန္း ျဖစ္ၿပီး ႏိုင္ငံတကာ ေမာ္ဒယ္အတြက္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ Android 10 ကို ျဖန႔္ခ်ိေပးမွာပါ။ ကြာတား ၂ မွာ LG G8X အတြက္ Android 10 ရမွာပါ။ ကြာတား ၃ မွာ စြမ္းရည္ျမင့္ ဖုန္းေတြျဖစ္တဲ့ LG G7, LG G8S နဲ႔ LG V40 တို႔အတြက္ ျဖန႔္ခ်ိေပးလာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ တျခား K Series ေတြျဖစ္တဲ့ LG K50S, LG K40S, LG K50 , LG Q60 နဲ႔ Q Series ေတြအတြက္လည္း ဒီႏွစ္ထဲမွာ ျဖန႔္ခ်ိေပးသြားမယ္လို႔ သိရပါတယ္။