Snapdragon 720G ၊ 662 နှင့် 460 Chipset သစ်များကို ထုတ်ပြလိုက်တဲ့ Qualcomm

0
545

စမတ်ဖုန်းတွေအတွက် chip ထုတ်လုပ်ပေးနေတဲ့ Qualcomm ဟာ Chipset သစ်များကို ကြေငြာလာပါတယ်။ အလယ်အလတ်တန်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းများအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Chipset သစ်များဖြစ်တဲ့ Snapdragon 662 ၊ Snapdragon 460 နဲ့ Snapdragon 720G တို့ကို ကြေညာလာတာ ဖြစ်ပါတယ်။ Snapdragon 720G ကထုတ်ပြလိုက်တဲ့ Chipset သစ်သုံးခုမှာ အကောင်းဆုံး Chipset ဖြစ်ပြီး Snapdragon 730 နဲ့ Snapdragon 712 ကြား Chipset လို့ဆိုရမှာပါ။

Snapdragon 662 က ကျောဘက်ကင်မရာသုံးလုံး ထောက်ပံ့ထားတဲ့ ပထမဆုံး Snapdragon 600 စီးရီးChipset ဖြစ်ပါတယ်။ Snapdragon 460 က ယခု ကြေညာလာတဲ့ Chipsetတွေထဲမှာ ပါဝါအနည်းဆုံးဖြစ်ပါတယ်။ Snapdragon 765G မှာ ပါဝင်တဲ့ Elite Gaming စနစ်များ ထည့်သွင်းပေးထားပြီး HDR ၊ DynmicColoar Range နှင့် အသံပိုင်းအတွက် Qualcomm aptX Adaptive တို့ ပါဝင်ပါတယ်။
အသစ်ထုတ်ပေးလိုက်တဲ့ Snapdragon 460 ဟာ Snapdragon 450 ထက် CPU ရော GPU စွမ်းဆောင်ရည်ကိုပါ မြင့်ထားပြီး 70 ရာခိုင်နှုန်းအထိ စွမ်းဆောင်ရည်မြင့်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Realmeနှင့် Xiaomi တို့က Snapdragon 720G အသုံးပြုထားတဲ့ စမတ်ဖုန်းသစ်များ ကြေညာလာမယ်လို့ ထုတ်ပြန်ထားပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.