Samsung Galaxy Z Flip ဖုန်းမှာ သုံးလာမယ့် အချက်အလက်များ ထွက်ရှိလာ

0
277

Samsung Galaxy Z Flip ကို Galaxy S20 စီးရီးနှင့်အတူ ဖေဖော်ဝါရီလ 11 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ Galaxy Z Flip မှာ နိုဝင်ဘာလတုန်းက ကြေညာခဲ့တဲ့ Motorola Razr 2019 မှာလိုဘဲ ခေါက်နိုင်တဲ့ ရုပ်ထွက်ဒီဇိုင်း သုံးလာမှာဖြစ်ပြီး ဒီနေ့မှာတော့ Galaxy Z Flip မှာ သုံးလာမယ့် စနစ်များ အပြည့်အစုံပေါက်ကြား ထွက်ရှိလာပါတယ်။

Galaxy Z Flip မှာ မျက်နှာပြင် 6.7 လက်မ Dynamic AMOLED Display သုံးလာပါမယ်။ Punch-Hole Selfie ကင်မရာဒီဇိုင်းနဲ့ ဖြစ်မှာပါ။ ရှေ့ကင်မရာ 10MP ပါဝင်လာပါမယ်လို့ သိရပါတယ်။ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပြီး အဓိကကင်မရာက 12MP ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီဖုန်းမှာ Android 10 အခြေခံ One UI 2.1 သုံးလာပါမယ်။ Storage 256GB နှင့် ဘက်ထရီ 3300 mAh (သို့မဟုတ်) ဘက်ထရီ 3500 mAhပါဝင်လာပါမယ်။ Samsung Galaxy Z Flip ကို Snapdragon 855 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။


ဒီဖုန်းမှာ ရုပ်ထွက်မှာ UTG (Ultra-Thin Glass) နှင့် ပလတ်စတစ်တို့ကို ပေါင်းသုံးလာပါမယ်။ ကျောဘက်မှာ Notifications များကို ကြည့်နိုင်ဖို့အတွက် 1 လက်မ display လေးကို သုံးပေးထားပါမယ်။ 15W Fast Charging ထောက်ပံ့လာပါမယ်။ တောင်ကိုရီးယားမီဒီယာများက ဒီဖုန်းရဲ့ ဈေးနှုန်းက ဒေါ်လာ 860 မှ ဒေါ်လာ 1300 အတွင်း ဖြစ်လာမယ်လို့ ရေးသားနေကြပါတယ်။ Galaxy Z Flip ကို အနက်ရောင်၊ ခရမ်းရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

zawgyi

Samsung Galaxy Z Flip ဖုန္းမွာ သုံးလာမယ့္ အခ်က္အလက္မ်ား ထြက္ရွိလာ
Samsung Galaxy Z Flip ကို Galaxy S20 စီးရီးႏွင့္အတူ ေဖေဖာ္ဝါရီလ 11 ရက္ေန႔မွာ မိတ္ဆက္သြားပါမယ္။ Galaxy Z Flip မွာ ႏိုဝင္ဘာလတုန္းက ေၾကညာခဲ့တဲ့ Motorola Razr 2019 မွာလိုဘဲ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ဒီဇိုင္း သုံးလာမွာျဖစ္ၿပီး ဒီေန႔မွာေတာ့ Galaxy Z Flip မွာ သုံးလာမယ့္ စနစ္မ်ား အျပည့္အစုံေပါက္ၾကား ထြက္ရွိလာပါတယ္။

Galaxy Z Flip မွာ မ်က္ႏွာျပင္ 6.7 လက္မ Dynamic AMOLED Display သုံးလာပါမယ္။ Punch-Hole Selfie ကင္မရာဒီဇိုင္းနဲ႔ ျဖစ္မွာပါ။ ေရွ႕ကင္မရာ 10MP ပါဝင္လာပါမယ္လို႔ သိရပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္ၿပီး အဓိကကင္မရာက 12MP ျဖစ္မယ္လို႔ ဆိုပါတယ္။ ဒီဖုန္းမွာ Android 10 အေျခခံ One UI 2.1 သုံးလာပါမယ္။ Storage 256GB ႏွင့္ ဘက္ထရီ 3300 mAh (သို႔မဟုတ္) ဘက္ထရီ 3500 mAhပါဝင္လာပါမယ္။ Samsung Galaxy Z Flip ကို Snapdragon 855 SoC ႏွင့္ ပါဝါေထာက္ပံ့လာပါမယ္။


ဒီဖုန္းမွာ ႐ုပ္ထြက္မွာ UTG (Ultra-Thin Glass) ႏွင့္ ပလတ္စတစ္တို႔ကို ေပါင္းသုံးလာပါမယ္။ ေက်ာဘက္မွာ Notifications မ်ားကို ၾကည့္ႏိုင္ဖို႔အတြက္ 1 လက္မ display ေလးကို သုံးေပးထားပါမယ္။ 15W Fast Charging ေထာက္ပံ့လာပါမယ္။ ေတာင္ကိုရီးယားမီဒီယာမ်ားက ဒီဖုန္းရဲ႕ ေဈးႏႈန္းက ေဒၚလာ 860 မွ ေဒၚလာ 1300 အတြင္း ျဖစ္လာမယ္လို႔ ေရးသားေနၾကပါတယ္။ Galaxy Z Flip ကို အနက္ေရာင္၊ ခရမ္းေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.