Samsung Galaxy S20 စီးရီးဖုန်းသစ်တွေမှာ 120 Hz screen ကိုထည့်ပေးထားပါ လိမ့်မယ်။ ဒါပေမယ့် ပုံမှန်အချိန်တွေမှာတော့ ဖျောက်ထားမှာဖြစ်ပြီး အသုံးပြုလိုတဲ့ အချိန်မှသာ 120HZ MODE ကို ဖွင့်ပေးရမှာပါ။ SAMSUNG GALAXY S20 နဲ့ပတ်သတ်တဲ့ ပေါက်ကြားမှုတွေဟာ နေ့စဉ်လိုထွက်လျက်ရှိနေပါတယ်။ မနေ့ကတော့ အဲ့ဒီဖုန်းတွေရဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ရှိထားပါတယ်။ အဲထက်ပိုပြောရမယ်ဆို ဖုန်းတွေရောင်းချမယ့် ရက်တောင်ပြောနိုင်နေကြပါပြီ။

ဒီနေအတွက်ထွက်လာတဲ့ သတင်းကတော့ 120HZ MODE အကြောင်းသတင်းပါ။ Max Weinbach ဆိုတဲ့ တွစ်တာအကောင့်ကနေ တက်လာတဲ့ သတင်းဖြစ်ပြီး သူ့ရဲ့ပြေားကြားချက်အရ Samsung Galaxy S20 ရဲ့ ဖန်သားပြင်ဖော်ပြမှုဟာ ပုံမှန်အားဖြင့် 60 Hz မှာပဲ သတ်မှတ်ပေးထားမှာ ဖြစ်ပြီး 120 Hz mode ကိုလိုအပ်ရင်တော့ ပြောင်းလဲသုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအပိုင်းဟာတောင်ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူအတွက် ရိုရှင်းတဲ့ စွမ်းဆောင်မှုလို့တောင် ဆိုနိုင်ပါတယ်။ စမတ်ထုတ်လုပ်မှုပိုင်းမှာ ဦးဆောင်သူကြီးဟာ HD+ နဲ့ QHD+. ကြားရှိတဲ့ display ပေါင်းများစွာကို ဈေးကွက်တင်နိုင်ခဲ့ပြီ ဖြစ်တာကြောင့်ပါ။ 60 Hz screen ထက်ပိုကောင်းတဲ့ 120 Hz screen ဟာသုံးစွဲသူတွေအတွက် လိုအပ်တာမှန်ပါတယ်။ ဒါပေမယ့် ဘက်ထရီသက်တမ်းတာရှည်ခံဖို့ကလည်း အရေးပါတဲ့ လိုအပ်ချက်တခုလို့ ဆိုရမှာပါ။
zawgyi
SAMSUNG GALAXY S20 တွင် 120HZ MODE ကိုဖျောက်ပေးထားမည်
