Codenamed Blackjack အနေနဲ့ FCC ကိုရောက်လာတဲ့ Motorola စမတ်ဖုန်း

0
439

Motorola ရဲ့ အသစ်ထွက်လာမယ့် စမတ်ဖုန်းလို့ သတ်မှတ်နိုင်မယ့် ဖုန်းမော်ဒယ် တမျိုးဟာ FCC ကိုရောက်လာပါတယ်။ ဖုန်းရဲ့ codename ကိုတော့ ‘Blackjack’ လို့ပေးထားပြီး မဝေးတော့တဲ့ ကာလမှာ မိတ်ဆက်လာနိုင်ပါတယ်။ FCC အသိအမှတ်ပြု အချက်အလက်တွေအရ ဖုန်းရဲ့မော်ဒယ်နံပတ်ကို မြင်တွေ့ခဲ့ရပြီး XT2055-2 လို့ပေးထားပါတယ်။

ဖုန်းပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီဖုန်းမှာ 5,000mAh ဘက်ထရီအသုံးပြုလာ နိုင်ပါတယ်။ ဒါဟာကြီးမားတဲ့ ဘက်ထရီစွမ်းအားလို့ သတ်မှတ်နိုင်ပြီး တခြားအချက်အလက် အနေနဲ့ အလယ်အလတ်ဆင့် ဖုန်းဖြစ်မယ့်အပြင် 175mm အရွယ်အစားနဲ့ 6.6 inch display ရှိမယ်လို့ သိရပါတယ်။
ဖုန်းကို Pro’ (သို့) ‘Max’ ဆိုတဲ့ နာမည်ပေးပြီး ထုတ်လာနိုင်ပါတယ်။ သေချာတာကတော့ ဒါဟာ 2020 ခုနှစ်အတွင်းမှာ ထွက်လာမယ့် Motorola ရဲ့ mid range ဖုန်းဖြစ်မှာပါ။ ပြီးတော့ မတူညီတဲ့ ဗားရှင်းတွေနဲ့ ထုတ်လာနိုင်ပါတယ်။ model name ကို XT2041 လို့ပေးထားမယ့် ဒါဟာ Motorola G8 series ဖုန်းတော့ မဖြစ်နိုင်ပါဘူး။ တခြားဖုန်းပုံစံ ဖြစ်နိုင်ပါတယ်။ ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ FCC, EEC နဲ့ WFA တို့ကို ဖြတ်ကျော်ရအုံးမှာပါ။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.