သင့်အနေနဲ့ iPhone လည်းကိုင်ချင်တယ် ဒေါ်လာ ၁ထောင်လောက်သုံးရမှာလည်း နှမျောနေတယ်ဆိုရင်တော့ Apple ကနေ တရားဝင် ထုတ်တဲ့ refurbished iPhone တွေကို ကိုင်သင့်ပါတယ်။ နောက်ဆုံးပေါ် ဖုန်းတော့ရမှာ မဟုတ်ပါဘူး။ မျိုးဆက် ခြားနားမှုတော့ ရှိမှာပါ။ ဒီနေ့မှာတော့ Apple အနေနဲ့ ပြန်လည်ပြင်ဆင် မွမ်းမံထားတဲ့ iPhone ကိုင်ဆောင်လိုသူတွေ အတွက် refurbished iPhone XS နဲ့ XS Max ဖုန်းတွေကို ထုတ်ပေးလိုက်ပါတယ်။

အမေရိကန်မှာ ဆိုရင်ကုမ္ပဏီရဲ့ တရားဝင်အွန်လိုင်းစတိုးကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ refurbished iPhone XS ကို စတင်ရောင်းချတဲ့ ဈေးနှုန်းကတော့ $699 ဖြစ်ပြီး 64GB သိုလှောင်မှု ရမှာပါ။ 256GB model ကိုဝယ်မယ်ဆိုရင်တော့ $829 ကျသင့်ပါလိမ့်မယ်။ 512GB ကိုတော့ $999 သတ်မှတ်ထားပါတယ်။ Phone XS Max ကိုလိုချင်တယ် ဆိုရင်တော့ 64GB model ကို $799 ကျသင့်မှာဖြစ်ပြီး 256GB အတွက်က $929 သတ်မှတ်ထားပါတယ်။
512GB version ကိုဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၁ထောင်ကျော်သွားမှာဖြစ်ပါတယ်။ စတင်ထွက်ချိန်းတုန်းက ဈေးနှုန်းယှဉ်လိုက်မယ်ဆိုရင်တော့ သင့်အတွက် ဒေါ်လာ ၃၀၀ ကနေ၃၅၀ ကြားသက်သာပါလိမ့်မယ်။ ပြန်လည် ပြင်ဆင်မွမ်းမံထားတယ် ဆိုပေမယ့် အသစ်နဲ့မခြား ထုတ်ပိုးမှု ပုံစံဖြစ်နေမှာပါ။
zawgyi
refurbished iPhone XS နဲ့ XS Max ဖုန်းများကို Apple တရားဝင်ရောင်းချ
