Nubia Red Magic 5G စမတ်ဖုန်းတွင် 55W Rapid Charger ထည့်သွင်းပေးလာမည်

0
327

Nubia ရဲ့အသစ်ထွက်လာမယ့် Red Magic ဂိမ်းမင်း စမတ်ဖုန်းသစ်မှာ 5G ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ တရုတ်စမတ်ဖုန်း ကုမ္ပဏီဟာ Nubia Red Magic ဂိမ်းစမတ်ဖုန်းသစ်ကို ဘယ်တော့မိတ်ဆက်လာ မလဲဆိုတာ တကျတဲ့အချက်အလက်ကို မရသေးပါဘူး။ သို့ပေမယ့် ဒီနေ့မှာတော့ အဲ့ဒီဖုန်းဟာ တရုတ်ဆက်သွယ်ရေး အာဏာပိုင် 3C မှာ ထောက်ခံချက် ရရှိလာပြီ ဖြစ်ပါတယ်။

3C မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ Red Magic 5G မှာ 55W Fast Charging ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ ယခုအခါ ဒီဖုန်းဟာ 3C မှာ ထောက်ခံချက်ရယူလာပြီဖြစ်တာကြောင့် မကြာမီကာလအတွင်းမှာ TENNA မှာလည်း ထောက်ခံချက်ရယူလာဖို့ ရှိပါတယ်။
ယခင်က ဒီဖုန်းကို Nubia Red Magic 4 (သို့မဟုတ်) Red Magic 5 လို့ အမည်ပေးလာမယ်လို့ ယူခဲ့ကြပေမယ့် 5G ထောက်ပံ့ထားမှုနဲ့အတူ Nubia Red Magic 5G လို့ဘဲ အမည်ပေးလာမယ်လို့ သိရပါတယ်။ ဒီဖုန်းကို Snapdagon 865 SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 1044Hz Refresh Rate ပါဝင်လာမယ်လို့ သိရပါတယ်။ Nubia Red Magic 3S မှာ ဘက်ထရီ 5000 mAh ပါဝင်ခဲ့တာကြောင့် Red Magic 5G မှာလည်း အနည်းဆုံး ဘက်ထရီ 5000 mAh ပါဝင်လာဖို့ သေချာသလောက် ရှိပါတယ်။

zawgyi

Nubia Red Magic 5G စမတ္ဖုန္းတြင္ 55W Rapid Charger ထည့္သြင္းေပးလာမည္
Nubia ရဲ႕အသစ္ထြက္လာမယ့္ Red Magic ဂိမ္းမင္း စမတ္ဖုန္းသစ္မွာ 5G ပါဝင္လာမွာျဖစ္ေၾကာင္း သိရပါတယ္။ တ႐ုတ္စမတ္ဖုန္း ကုမၸဏီဟာ Nubia Red Magic ဂိမ္းစမတ္ဖုန္းသစ္ကို ဘယ္ေတာ့မိတ္ဆက္လာ မလဲဆိုတာ တက်တဲ့အခ်က္အလက္ကို မရေသးပါဘူး။ သို႔ေပမယ့္ ဒီေန႔မွာေတာ့ အဲ့ဒီဖုန္းဟာ တ႐ုတ္ဆက္သြယ္ေရး အာဏာပိုင္ 3C မွာ ေထာက္ခံခ်က္ ရရွိလာၿပီ ျဖစ္ပါတယ္။

3C မွာ ေဖာ္ျပထားတဲ့ အခ်က္အလက္ေတြအရ Red Magic 5G မွာ 55W Fast Charging ပါဝင္လာမွာျဖစ္ေၾကာင္း သိရပါတယ္။ ယခုအခါ ဒီဖုန္းဟာ 3C မွာ ေထာက္ခံခ်က္ရယူလာၿပီျဖစ္တာေၾကာင့္ မၾကာမီကာလအတြင္းမွာ TENNA မွာလည္း ေထာက္ခံခ်က္ရယူလာဖို႔ ရွိပါတယ္။
ယခင္က ဒီဖုန္းကို Nubia Red Magic 4 (သို႔မဟုတ္) Red Magic 5 လို႔ အမည္ေပးလာမယ္လို႔ ယူခဲ့ၾကေပမယ့္ 5G ေထာက္ပံ့ထားမႈနဲ႔အတူ Nubia Red Magic 5G လို႔ဘဲ အမည္ေပးလာမယ္လို႔ သိရပါတယ္။ ဒီဖုန္းကို Snapdagon 865 SoC ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး 1044Hz Refresh Rate ပါဝင္လာမယ္လို႔ သိရပါတယ္။ Nubia Red Magic 3S မွာ ဘက္ထရီ 5000 mAh ပါဝင္ခဲ့တာေၾကာင့္ Red Magic 5G မွာလည္း အနည္းဆုံး ဘက္ထရီ 5000 mAh ပါဝင္လာဖို႔ ေသခ်ာသေလာက္ ရွိပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.