EMUI 10 global ဗားရှင်းရမယ့် ဖုန်းတွေကို Huawei ကြေငြာ

0
660

Huawei အနေနဲ့ EMUI 10 version ကိုပြီးခဲ့တဲ့ နှစ်ကကြေညာခဲ့ပြီး ထုတ်ပေးတဲ့အချိန်ကစပြီး တရုတ်နိုင်ငံမှာ ရှိတဲ့ စမတ်ဖုန်းမော်ဒယ်အချို့ကိုသာ ထုတ်ပေးခဲ့ပါတယ်။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ တရုတ်နိုင်ငံပြင်ပ စမတ်ဖုန်းတွေအတွက် စမ်းသပ်ဗားရှင်းကိုသာ ထုတ်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ Huawei ဖုန်းသုံးတဲ့သူတွေ အနေနဲ့ EMUI 10 နဲ့ပတ်သတ်လို့ တိုက်ရိုက်သုံးစွဲခွင့် အပြည့်အဝ မရကြသေးပါဘူး။

အခုတော့ Huawei အနေနဲ့ ကမ္ဘာ့မိုဘိုင်းဈေးကွက်အတွက် EMUI 10 global ရရှိမယ့် စာရင်းကို ထုတ်ပေးလိုက်ပါပြီ။ အဆင်မြင့် စမတ်ဖုန်းတွေဖြစ်တဲ့ HUAWEI Mate 20 RS, HUAWEI Mate 20 X(5G), HUAWEI P30 lite, HUAWEI nova 4e, HUAWEI P20, HUAWEI P20 Pro, HUAWEI Mate 10, HUAWEI Mate 10 Pro, PORSCHE DESIGN HUAWEI Mate 10, PORSCHE DESIGN HUAWEI Mate RS, HUAWEI Mate 20 lite, HUAWEI P smart 2019, HUAWEI P smart + 2019, HUAWEI P smart Pro, HUAWEI P Smart Z, HUAWEI nova 4 နဲ့ HUAWEI nova Lite 3 တွေ ပါဝင်ပါတယ်။


Mate 20 နဲ့ P30 flagship lineup စမတ်ဖုန်းတွေကတော့ OTA update ကနေ စတင်ရရှိနေပြီ ဖြစ်ပါတယ်။ Google Services ထည့်သွင်းပေးထားခြင်း မရှိတဲ့ ဖုန်းတွေမှာတော့ update ကို စောစောရနိုင်ပါတယ်။ EMUI 10 ဟာ Huawei ဖုန်းတွေအတွက် အရေးကြီးတဲ့ UI အဆင့်မြင့်တင်မှု တခုဖြစ်ပါတယ်။ Android 10-inherent features လိုမျိုးတွေ ပါဝင်လာမှာဖြစ်ပါတယ်။

zawgyi

EMUI 10 global ဗားရွင္းရမယ့္ ဖုန္းေတြကို Huawei ေၾကျငာ
Huawei အေနနဲ႔ EMUI 10 version ကိုၿပီးခဲ့တဲ့ ႏွစ္ကေၾကညာခဲ့ၿပီး ထုတ္ေပးတဲ့အခ်ိန္ကစၿပီး တ႐ုတ္ႏိုင္ငံမွာ ရွိတဲ့ စမတ္ဖုန္းေမာ္ဒယ္အခ်ိဳ႕ကိုသာ ထုတ္ေပးခဲ့ပါတယ္။ တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ တ႐ုတ္ႏိုင္ငံျပင္ပ စမတ္ဖုန္းေတြအတြက္ စမ္းသပ္ဗားရွင္းကိုသာ ထုတ္ေပးခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျပင္ပမွာရွိတဲ့ Huawei ဖုန္းသုံးတဲ့သူေတြ အေနနဲ႔ EMUI 10 နဲ႔ပတ္သတ္လို႔ တိုက္႐ိုက္သုံးစြဲခြင့္ အျပည့္အဝ မရၾကေသးပါဘူး။

အခုေတာ့ Huawei အေနနဲ႔ ကမာၻ႔မိုဘိုင္းေဈးကြက္အတြက္ EMUI 10 global ရရွိမယ့္ စာရင္းကို ထုတ္ေပးလိုက္ပါၿပီ။ အဆင္ျမင့္ စမတ္ဖုန္းေတြျဖစ္တဲ့ HUAWEI Mate 20 RS, HUAWEI Mate 20 X(5G), HUAWEI P30 lite, HUAWEI nova 4e, HUAWEI P20, HUAWEI P20 Pro, HUAWEI Mate 10, HUAWEI Mate 10 Pro, PORSCHE DESIGN HUAWEI Mate 10, PORSCHE DESIGN HUAWEI Mate RS, HUAWEI Mate 20 lite, HUAWEI P smart 2019, HUAWEI P smart + 2019, HUAWEI P smart Pro, HUAWEI P Smart Z, HUAWEI nova 4 နဲ႔ HUAWEI nova Lite 3 ေတြ ပါဝင္ပါတယ္။


Mate 20 နဲ႔ P30 flagship lineup စမတ္ဖုန္းေတြကေတာ့ OTA update ကေန စတင္ရရွိေနၿပီ ျဖစ္ပါတယ္။ Google Services ထည့္သြင္းေပးထားျခင္း မရွိတဲ့ ဖုန္းေတြမွာေတာ့ update ကို ေစာေစာရႏိုင္ပါတယ္။ EMUI 10 ဟာ Huawei ဖုန္းေတြအတြက္ အေရးႀကီးတဲ့ UI အဆင့္ျမင့္တင္မႈ တခုျဖစ္ပါတယ္။ Android 10-inherent features လိုမ်ိဳးေတြ ပါဝင္လာမွာျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.