Apple အနေနဲ့ ယခုနှစ် အတွင်းမှာ iPhone 5G အပြင် iPad 5G လည်း ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။ ကျူပါတီနို အခြေစိုက်ကုမ္ပဏီအနေနဲ့ iPad 5G ကိုလည်း iPhone 5G လိုဘဲ 2020 ခုနှစ် ဒုတိယနှစ်ဝက်မှာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Apple ဟာ iPad 5G မှာ အသုံးပြုဖို့အတွက် ပစ္စည်းထောက်ပံ့ဖို့အတွက် ထိုင်ဝမ်ကုမ္ပဏီ ASE ကို မှာကြားထားကြောင်း သိရပါတယ်။

ASE ဟာ iPhone 5G နှင့် iPad 5G များမှာ အသုံးပြုလာမယ့် FC_AiP(Flip_Chip Antenna Package) နည်းပညာကြောင့် iPad 5G နှင့် iPhone 5G တို့မှာ mmWave ထောက်ပံ့လာမှာ ဖြစ်ပါတယ်။ Apple ဟာ 2020 ခုနှစ် ပထမနှစ်ဝက်မှာ ထုတ်လုပ်ရောင်းချလာမယ့် iPad Pro ကို 5G ဗားရှင်းအဖြစ် 2020 ခုနှစ် နှောင်းပိုင်းမှာ ထုတ်လုပ်ရောင်းချလာမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။
Apple အနေနဲ့ 5G မှာ အခြားသော ကုမ္ပဏီတွေကို သေချာလိုက်မှ ရမယ့်အခြေအနေလို့ တောင်ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် အရှေ့မှာကိုရီးယားနဲ့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူတွေက 5G ဈေးကွက်ကို အရင်ဦးထားကြလို့ပါ။
zawgyi
5G ဗားရွင္း iPad ကိုပါ ထုတ္ေရာင္းဖို႔ ျပင္ဆင္ေနတဲ့ Apple
Apple အေနနဲ႔ ယခုႏွစ္ အတြင္းမွာ iPhone 5G အျပင္ iPad 5G လည္း ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ က်ဴပါတီႏို အေျခစိုက္ကုမၸဏီအေနနဲ႔ iPad 5G ကိုလည္း iPhone 5G လိုဘဲ 2020 ခုႏွစ္ ဒုတိယႏွစ္ဝက္မွာ ထုတ္လုပ္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Apple ဟာ iPad 5G မွာ အသုံးျပဳဖို႔အတြက္ ပစၥည္းေထာက္ပံ့ဖို႔အတြက္ ထိုင္ဝမ္ကုမၸဏီ ASE ကို မွာၾကားထားေၾကာင္း သိရပါတယ္။

ASE ဟာ iPhone 5G ႏွင့္ iPad 5G မ်ားမွာ အသုံးျပဳလာမယ့္ FC_AiP(Flip_Chip Antenna Package) နည္းပညာေၾကာင့္ iPad 5G ႏွင့္ iPhone 5G တို႔မွာ mmWave ေထာက္ပံ့လာမွာ ျဖစ္ပါတယ္။ Apple ဟာ 2020 ခုႏွစ္ ပထမႏွစ္ဝက္မွာ ထုတ္လုပ္ေရာင္းခ်လာမယ့္ iPad Pro ကို 5G ဗားရွင္းအျဖစ္ 2020 ခုႏွစ္ ေႏွာင္းပိုင္းမွာ ထုတ္လုပ္ေရာင္းခ်လာမယ္လို႔ ကြၽမ္းက်င္သူမ်ားက သုံးသပ္ေနၾကပါတယ္။
Apple အေနနဲ႔ 5G မွာ အျခားေသာ ကုမၸဏီေတြကို ေသခ်ာလိုက္မွ ရမယ့္အေျခအေနလို႔ ေတာင္ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုရင္ အေရွ႕မွာကိုရီးယားနဲ႔ တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူေတြက 5G ေဈးကြက္ကို အရင္ဦးထားၾကလို႔ပါ။