ဒေါ်လာ 150 တန် 5G စမတ်ဖုန်း ရောင်းချလာမည်ဟု Huawei အမှုဆောင်ပြောကြား

0
486

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ ဒေါ်လာ 150 တန် 5G ဖုန်းကို ယခုနှစ်ကုန်ပိုင်း (သို့) လာမယ့်နှစ်အစောပိုင်းမှာ ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 2019 ခုနှစ်အတွင်းမှာ Huawei အနေနဲ့ 5G ဖုန်းတွေ အတော်များများ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါတောင် တရုတ်နိုင်ငံဈေးကွက်မှာပဲ ရှိပါသေးတယ်။

ဈေးအနည်းဆုံး 5G ဖုန်းဆိုရင်တောင် ယွမ် 2000 ကျော် ဒေါ်လာ ၂၉၀ ဝန်းကျင်လောက် ကုန်ကျနေတဲ့ အချိန်မှာ အဲ့လောက်ဈေးသက်သာတဲ့ ဖုန်းသာထွက်လာမယ်ဆိုရင် 5G အတွေ့အကြုံအတွက် အများစုက ဝယ်ယူကြမှာပါ။ မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ MediaTek 1000L နဲ့ Qualcomm Snapdradon 765G chipsets တွေဟာ 5G modem ပေါင်းစပ်မှုနဲ့ဖြစ်ပြီး အလယ်အလတ် 5G ဖုန်းတွေအတွက် အဆင်ပြေစေမှာပါ။



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.