Xiaomi Mi 10 တွင် 108 MP ကင်မရာသာ သုံးလာမည်

0
472

Xiaomi အနေနဲ့ Mi 10 စမတ်ဖုန်းမှာ Snapdragon 865 chipset သုံးလာမယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ Snapdragon 865 chipset ကိုပထမဆုံး သုံးလာတဲ့ စမတ်ဖုန်း အဖြစ်သတ်မှတ်နိုင်မှာပါ။ ပရိုဆက်ဆာပိုင်းပြီးတဲ့ နောက်မှာတော့ ဒီဖုန်းမှာ အဓိကထားသုံးလာမယ့် ကင်မရာ အစိတ်အပိုင်းနဲ့ ပတ်သတ်ပြီး သတင်းတွေထွက်လာပါတယ်။ အဲ့ဒါကတော့ Xiaomi Mi 10 ဖုန်းမှာ 108 MP ကင်မရာသုံးလာမယ် ဆိုတာပါ။ ဒါဆိုရင်တော့ Mi Note 10 နဲ့တူညီသွားပါပြီ။

ပထမဆုံးကိုသာ သုံးချင်တဲ့သူတွေအတွက်တော့ Mi 10 ဖုန်းဟာ နောက်ဆုံးပေါ် Samsung camera sensor နဲ့ Qualcomm flagship SoC ကိုသုံးထားတဲ့ ဖုန်းအနေနဲ့ ထွက်လာမှာပါ။ Xiaomi Mi 10 ရဲ့ နောက်ကျောဘက်မှာ ကင်မရာ ၄ လုံးတပ်ဆင်လာမှာဖြစ်ပြီး Mi9 နဲ့ဒီဇိုင်း ဆင်တူမှာပါ။ selfie ကင်မရာကိုတော့ OLED display မှာ punch-hole design အဖြစ် ထည့်သွင်း လာပါလိမ့်မယ်။
အခြားသတင်းတွေအရ ဒီဖုန်းကို ပရိုဗားရှင်းလည်း ထွက်လာနိုင်ပြီး ultra-fast charging speed နဲ့ 66W ဖြစ်မယ်လို့ သိရပါတယ်။ အားအပြည့်သွင်းဖို့အတွက် 35မိနစ်သာ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။ Mi 10 Pro ရဲ့ဘက်ထရီအတွက် 4,800 mAh စွမ်းအားကိုသုံးလာမယ်လို့ အတည်ပြုထားပါတယ်။ အခြားအချက်အလက်တွေကတော့ အခုချိန်ထိ မသိရသေးပါဘူး။

zawgyi

Xiaomi Mi 10 တြင္ 108 MP ကင္မရာသာ သုံးလာမည္
Xiaomi အေနနဲ႔ Mi 10 စမတ္ဖုန္းမွာ Snapdragon 865 chipset သုံးလာမယ္လို႔ သိရပါတယ္။ ဒါဆိုရင္ေတာ့ Snapdragon 865 chipset ကိုပထမဆုံး သုံးလာတဲ့ စမတ္ဖုန္း အျဖစ္သတ္မွတ္ႏိုင္မွာပါ။ ပ႐ိုဆက္ဆာပိုင္းၿပီးတဲ့ ေနာက္မွာေတာ့ ဒီဖုန္းမွာ အဓိကထားသုံးလာမယ့္ ကင္မရာ အစိတ္အပိုင္းနဲ႔ ပတ္သတ္ၿပီး သတင္းေတြထြက္လာပါတယ္။ အဲ့ဒါကေတာ့ Xiaomi Mi 10 ဖုန္းမွာ 108 MP ကင္မရာသုံးလာမယ္ ဆိုတာပါ။ ဒါဆိုရင္ေတာ့ Mi Note 10 နဲ႔တူညီသြားပါၿပီ။

ပထမဆုံးကိုသာ သုံးခ်င္တဲ့သူေတြအတြက္ေတာ့ Mi 10 ဖုန္းဟာ ေနာက္ဆုံးေပၚ Samsung camera sensor နဲ႔ Qualcomm flagship SoC ကိုသုံးထားတဲ့ ဖုန္းအေနနဲ႔ ထြက္လာမွာပါ။ Xiaomi Mi 10 ရဲ႕ ေနာက္ေက်ာဘက္မွာ ကင္မရာ ၄ လုံးတပ္ဆင္လာမွာျဖစ္ၿပီး Mi9 နဲ႔ဒီဇိုင္း ဆင္တူမွာပါ။ selfie ကင္မရာကိုေတာ့ OLED display မွာ punch-hole design အျဖစ္ ထည့္သြင္း လာပါလိမ့္မယ္။
အျခားသတင္းေတြအရ ဒီဖုန္းကို ပ႐ိုဗားရွင္းလည္း ထြက္လာႏိုင္ၿပီး ultra-fast charging speed နဲ႔ 66W ျဖစ္မယ္လို႔ သိရပါတယ္။ အားအျပည့္သြင္းဖို႔အတြက္ 35မိနစ္သာ ၾကာျမင့္ေတာ့မွာ ျဖစ္ပါတယ္။ Mi 10 Pro ရဲ႕ဘက္ထရီအတြက္ 4,800 mAh စြမ္းအားကိုသုံးလာမယ္လို႔ အတည္ျပဳထားပါတယ္။ အျခားအခ်က္အလက္ေတြကေတာ့ အခုခ်ိန္ထိ မသိရေသးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.