TCL ဖုန်းနဲ့ပုံစံတူတဲ့ Samsung ရဲ့ Galaxy Z Dual-Fold Phone

0
411

Samsung အနေနဲ့ ဒုတိယမျိုးဆက် foldable phone Galaxy Z Flip နဲ့ Galaxy S20 series စီးရီးဖုန်းတွေကို လာမယ့်လ ၁၁ ရက်နေ့မှာ တရားဝင်ထုတ်ပြန် ကြေငြာပေးတော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းတွေနဲ့ ပတ်သတ်တဲ့ နေ့စဉ်သတင်းတွေလည်း ထွက်နေပါတယ်။ ဒီနေ့ လူမှုကွန်ရက်ဝီဘိုသုံးသူ တဦးထံကနေ Samsung folding screen ဖုန်းနဲ့ ပတ်သတ်တဲ့ ပိုစတာ တခုထွက်လာပါတယ်။

အဲ့ဒီပိုစတာမှာတော့ double-fold design ကိုသုံးထားတာကို တွေ့ရပါတယ်။ မျက်နှာပြင် ဒီဇိုင်းဟာ ရှုပ်ထွေးလွန်းပြီး စာရွက်ခေါက်ထားတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ Galaxy Z လို့သေချာတဲ့ အချက်အလက် အဖြစ် အတည်မပြုနိုင်သေးပါဘူး။ သူ့ရဲ့ပုံစံကလည်း TCL ရဲ့ ကွေးညွှတ်မျက်နှာပြင် ဖုန်းနဲ့ဆင်တူပါတယ်။

ဆမ်ဆောင်းက ထုတ်ထားတဲ့ပိုစတာတွေမှာတော့ “Z” shape ပုံစံလေး ဖြစ်နေပါတယ်။ နောက်ဘက်မှာ ကင်မရာ ၄ လုံးတပ်ဆင်ထားပြီး ဖုန်းကိုခေါက်ထားတာကနေ ဖြန့်လိုက်တဲ့ အချိန်မှာ 10-inch tablet နဲ့ဆင်တူပါလိမ့်မယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.