Poco F2 Lite တွင် Snapdragon 765 ပရိုဆက်ဆာသုံးလာမည်

0
416

လွန်ခဲ့တဲ့ တပတ်ကပဲ Xiaomi ရဲ့ ဒါရိုက်တာက Poco ကိုသီးသန့် အမှတ်တံဆပ် တခုအနေနဲ့ ရပ်တည်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခင်က xiaomi အောက်မှာမဟုတ်တော့ပဲ ခိုင်မာတဲ့ အမှတ်တံဆိပ်တခု အဖြစ် ထွက်ပေါ်လာမှာပါ။ ပြီးတော့ ကုမ္ပဏီဘက်ကနေ ယခုနှစ်အတွင်း ဖုန်းအသစ်တွေ မိတ်ဆက်လာအုံးမှာ ဖြစ်တယ်လို့ အတည်ပြုပြောကြား ထားပါတယ်။ ဒါကြောင့် 2020 မှာ Poco ထုတ်ကုန်အများအပြား ရှိလာနိုင်ပါတယ်။


လွန်ခဲ့တဲ့ ရက်ပိုင်းက Poco F2 Lite လို့ သတ်မှတ်နိုင်တဲ့ ဖုန်းရဲ့အချက်အလက်နဲ့ ဓာတ်ပုံတွေ ယူကျူချန်နယ် တခုကနေ ပေါက်ကြားထွက်ရှိလာပါတယ်။ ဖုန်းရဲ့ ဓာတ်ပုံတွေနဲ့အတူ ဖုန်းမှာပါဝင်လာမယ့် အဓိကအချက်တွေကို ဝေမျှပေးခဲ့ပါတယ်။ အချက်အလက်နဲ့ ဓာတ်ပုံတွေအရ Poco အနေနဲ့ ယခုနှစ်အတွင်းမှာ စမတ်ဖုန်း ၃ မျိုးကို ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်


ပုံတွေအရ Poco F2 Lite မှာ waterdrop notch display နဲ့ဖြစ်ပြီး အောက်ဘက် chin လေးက သေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ Android 10 OS အခြေပြု UI ကိုသုံးရမှာပါ။ အခြား အချက်အလက်တွေ အနေနဲ့ Snapdragon 765 chipset နဲ့အတူ 6 GB RAM သုံးလာမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဘက်ထရီစွမ်းအားကလည်း စွမ်းအားပြည့် 5,000mAh ဖြစ်မှာပါ။ ကင်မရာအတွက် 48-megapixel ဒါမှမဟုတ် သူ့ထက်မြင့်တဲ့ စွမ်းရည်ကို သုံးလာနိုင်ပါတယ်။

Poco F2 Lite တြင္ Snapdragon 765 ပ႐ိုဆက္ဆာသုံးလာမည္

လြန္ခဲ့တဲ့ တပတ္ကပဲ Xiaomi ရဲ႕ ဒါ႐ိုက္တာက Poco ကိုသီးသန႔္ အမွတ္တံဆပ္ တခုအေနနဲ႔ ရပ္တည္ေတာ့မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ယခင္က xiaomi ေအာက္မွာမဟုတ္ေတာ့ပဲ ခိုင္မာတဲ့ အမွတ္တံဆိပ္တခု အျဖစ္ ထြက္ေပၚလာမွာပါ။ ၿပီးေတာ့ ကုမၸဏီဘက္ကေန ယခုႏွစ္အတြင္း ဖုန္းအသစ္ေတြ မိတ္ဆက္လာအုံးမွာ ျဖစ္တယ္လို႔ အတည္ျပဳေျပာၾကား ထားပါတယ္။ ဒါေၾကာင့္ 2020 မွာ Poco ထုတ္ကုန္အမ်ားအျပား ရွိလာႏိုင္ပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းက Poco F2 Lite လို႔ သတ္မွတ္ႏိုင္တဲ့ ဖုန္းရဲ႕အခ်က္အလက္နဲ႔ ဓာတ္ပုံေတြ ယူက်ဴခ်န္နယ္ တခုကေန ေပါက္ၾကားထြက္ရွိလာပါတယ္။ ဖုန္းရဲ႕ ဓာတ္ပုံေတြနဲ႔အတူ ဖုန္းမွာပါဝင္လာမယ့္ အဓိကအခ်က္ေတြကို ေဝမွ်ေပးခဲ့ပါတယ္။ အခ်က္အလက္နဲ႔ ဓာတ္ပုံေတြအရ Poco အေနနဲ႔ ယခုႏွစ္အတြင္းမွာ စမတ္ဖုန္း ၃ မ်ိဳးကို ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္


ပုံေတြအရ Poco F2 Lite မွာ waterdrop notch display နဲ႔ျဖစ္ၿပီး ေအာက္ဘက္ chin ေလးက ေသးသြားမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ Android 10 OS အေျချပဳ UI ကိုသုံးရမွာပါ။ အျခား အခ်က္အလက္ေတြ အေနနဲ႔ Snapdragon 765 chipset နဲ႔အတူ 6 GB RAM သုံးလာမယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ဘက္ထရီစြမ္းအားကလည္း စြမ္းအားျပည့္ 5,000mAh ျဖစ္မွာပါ။ ကင္မရာအတြက္ 48-megapixel ဒါမွမဟုတ္ သူ႔ထက္ျမင့္တဲ့ စြမ္းရည္ကို သုံးလာႏိုင္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.