Samsung Galaxy S20 စီးရီးဖုန်းတွေမှာ သုံးလာမယ့် အချက်အလက် အပြည့်အစုံ ထွက်ပေါ်လာ

0
738

ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ ဖေဖော်ဝါရီလ 11 ရက်နေ့မှာ Galaxy S20 ၊ Galaxy S20+ နဲ့ Galaxy S20 Ultra တို့ကို မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ Samsung Galaxy S20 စီးရီးက ထွက်ဖို့ တဖြည်းဖြည်း နီးသထက် နီးလာတာနဲ့အမျှ သတင်းတွေက ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ဒီနေ့မှာတော့ Samsung Galaxy S20 စီးရီးမှာ အသုံးပြုလာမယ့် စနစ်အပြည့်အစုံ ပေါက်ကြားလာပါတယ်။

Samsung Galaxy S20 မှာ မျက်နှာပြင် 6.2 လက်မ 1440 x 3200 pxInifintiy O-Dynamic AMOLED ရုပ်ထွက်၊ 20:9 Aspect Ratio သုံးလာပါမယ်။ Punch-Hole Selfie Camera မှာ ရှေ့ကင်မရာ 10MP ပါဝင်လာမှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှုကို 4K@60fps ဖြင့် ပြုလုပ်နိုင်ပါမယ်။ 120Hz Refresh Rate ပါဝင်ပါမယ်။ SasmungExynos 990 Chipset ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Storage 128GB ပါဝင်ကာ microSD မှတဆင့် ထပ်တိုးနိုင်ပါမယ်။ RAM ဘယ်လောက်ပါဝင်မယ်ဆိုတာ မဖော်ပြထားပေမယ့် အခြေခံဗားရှင်းမှာ RAM12GB ပါဝင်လာမယ်လို့ သိရပါတယ်။
Samsung Galaxy S20 ရဲ့ ကျောဘက်ကင်မရာသုံးလုံးပါဝင်လာမှာဖြစ်ပြီး 12MP + 64MP (3x Optical Zoom) + 12MP Ultrawide သုံးလာပါမယ်။ အသံပိုင်းအတွက် AKG ထောက်ပံ့ထားတဲ့ Dolby Atmos စတီရီယိုစပီကာ သုံးလာပါမယ်။ ဘက်ထရီ 4000 mAh ပါဝင်ပါမယ်။ Android 10 အခြေခံ One UI 2.0 သုံးလာပါမယ်။

Galaxy S20+ မှာ အသုံးပြုထားတဲ့ စနစ်တွေက S20 နဲ့ အတူတူ ဖြစ်ပြီး ကျောဘက်ကင်မရာ 3D ToF ပါဝင်လာတာနှင့် မျက်နှာပြင် 6.7 လက်မ သုံးတဲ့ အပိုင်းမှာ ကွဲပြားသွားပါတယ်။ အရွယ်အစားကြီးမားသလို ဘက်ထရီ 4500 mAh ပါဝင်ပါတယ်။ Samsung Galaxy S20 Ultra ဖုန်းကတော့ Galaxy S20 စီးရီးမှာ အရွယ်အစားအကြီးမားဆုံး ဖြစ်ပါတယ်။ မျက်နှာပြင် 6.9 လက်မရှိပြီး ရုပ်ထွက်ပိုင်းက အခြားဖုန်းများနှင့် အတူတူ ဖြစ်ပါတယ်။

zawgyi

Samsung Galaxy S20 စီးရီးဖုန္းေတြမွာ သုံးလာမယ့္ အခ်က္အလက္ အျပည့္အစုံ ထြက္ေပၚလာ
ကိုရီးယားစမတ္ဖုန္း ထုတ္လုပ္သူ Samsung အေနနဲ႔ ေဖေဖာ္ဝါရီလ 11 ရက္ေန႔မွာ Galaxy S20 ၊ Galaxy S20+ နဲ႔ Galaxy S20 Ultra တို႔ကို မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ Samsung Galaxy S20 စီးရီးက ထြက္ဖို႔ တျဖည္းျဖည္း နီးသထက္ နီးလာတာနဲ႔အမွ် သတင္းေတြက ဆက္တိုက္ ထြက္ေပၚလာပါတယ္။ ဒီေန႔မွာေတာ့ Samsung Galaxy S20 စီးရီးမွာ အသုံးျပဳလာမယ့္ စနစ္အျပည့္အစုံ ေပါက္ၾကားလာပါတယ္။

Samsung Galaxy S20 မွာ မ်က္ႏွာျပင္ 6.2 လက္မ 1440 x 3200 pxInifintiy O-Dynamic AMOLED ႐ုပ္ထြက္၊ 20:9 Aspect Ratio သုံးလာပါမယ္။ Punch-Hole Selfie Camera မွာ ေရွ႕ကင္မရာ 10MP ပါဝင္လာမွာျဖစ္ၿပီး ဗီဒီယို႐ိုက္ကူးမႈကို 4K@60fps ျဖင့္ ျပဳလုပ္ႏိုင္ပါမယ္။ 120Hz Refresh Rate ပါဝင္ပါမယ္။ SasmungExynos 990 Chipset ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး Storage 128GB ပါဝင္ကာ microSD မွတဆင့္ ထပ္တိုးႏိုင္ပါမယ္။ RAM ဘယ္ေလာက္ပါဝင္မယ္ဆိုတာ မေဖာ္ျပထားေပမယ့္ အေျခခံဗားရွင္းမွာ RAM12GB ပါဝင္လာမယ္လို႔ သိရပါတယ္။
Samsung Galaxy S20 ရဲ႕ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္လာမွာျဖစ္ၿပီး 12MP + 64MP (3x Optical Zoom) + 12MP Ultrawide သုံးလာပါမယ္။ အသံပိုင္းအတြက္ AKG ေထာက္ပံ့ထားတဲ့ Dolby Atmos စတီရီယိုစပီကာ သုံးလာပါမယ္။ ဘက္ထရီ 4000 mAh ပါဝင္ပါမယ္။ Android 10 အေျခခံ One UI 2.0 သုံးလာပါမယ္။

Galaxy S20+ မွာ အသုံးျပဳထားတဲ့ စနစ္ေတြက S20 နဲ႔ အတူတူ ျဖစ္ၿပီး ေက်ာဘက္ကင္မရာ 3D ToF ပါဝင္လာတာႏွင့္ မ်က္ႏွာျပင္ 6.7 လက္မ သုံးတဲ့ အပိုင္းမွာ ကြဲျပားသြားပါတယ္။ အ႐ြယ္အစားႀကီးမားသလို ဘက္ထရီ 4500 mAh ပါဝင္ပါတယ္။ Samsung Galaxy S20 Ultra ဖုန္းကေတာ့ Galaxy S20 စီးရီးမွာ အ႐ြယ္အစားအႀကီးမားဆုံး ျဖစ္ပါတယ္။ မ်က္ႏွာျပင္ 6.9 လက္မရွိၿပီး ႐ုပ္ထြက္ပိုင္းက အျခားဖုန္းမ်ားႏွင့္ အတူတူ ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.