Find X2 စမတ်ဖုန်း တွင် 120Hz QHD+ ရုပ်ထွက်သုံးလာမယ့် OPPO

0
419

OPPO ရဲ့ Find X2 စမတ်ဖုန်းဟာ ယခုနှစ်အတွင်း ထွက်လာမယ့် စမတ်ဖုန်းတွေထဲမှာစိတ်ဝင်စားဖို့ အကောင်းဆုံးစမတ်ဖုန်းတွေထဲကတစ်လုံးဖြစ်ပါတယ်။ အခုတော့ OPPO Find X2 မှာအသုံးပြုလာမယ့် သတင်းပေါက်ကြားလာပါတယ်။ Digital Chat Station မှာဖော်ပြထားမှုအရ OPPO Find X2 မှာ QHD+ 120Hz Refresh Rate အသုံးပြုလာမှာဖြစ်ကြောင်းသိရပါတယ်။ ဒီဖုန်းဟာ ၂၀၁၈ ခုနှစ်ထွက် Find X ရဲ့ ခြေရာကိုဆက်ခံတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

OPPO အ နေနဲ့ ဒီဖုန်းမှာ 3168×1440 px Resolution သုံးလာပါမယ်လို့ သိရပြီး Samsung ရဲ့ ထောင့်ကွေး OLED သုံးလာမှာဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅ လက်မဖြစ်လာမှာဖြစ်ပြီးမျက်နှာပြင် ဘယ်ထောင့်မှာ Punch-Hole ပါဝင်လာမှာဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် FHD+ (သို့မဟုတ်) QHD+ အပြင် 60Hz (သို့) 120Hz Refresh Rate သုံးနိုင်ပါမယ်။

OPPO က သူတို့ရဲ့ အဆင့်မြင့် စမတ်ဖုန်းမှာရုပ်ထွက်ပိုင်းအမိုက်စားသုံးလာမယ်ဆိုပေမယ့် Galaxy S20 စီးရီးမှာတော့ FHD+ 120Hz ရုပ်ထွက်ဘဲထောက်ပံ့လာပါမယ်။ OPPO Find X2 က အဆင့်မြင့် စမတ်ဖုန်းဖြစ်တာနဲ့အညီ Qualcomm Snapdragon 865 SoCနှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 5G ကွန်ယက်အတွက် Snapdragon X55 Modem သုံးလာပါမယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.