YouTube အနေနဲ့ သူ့ရဲ့ချန်နယ်ကို ယခင်ထက် ပိုမိုပြီး လူကြည့်များလာစေဖို့အတွက် နာမည်ကြီး ဂိမ်းကစားသမားသုံးဦးကို စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ YouTube က စာချုပ်ချုပ်ဆိုလိုက်တဲ့ ကစားသမားသုံးဦးကတော့ Rachell Valkyrae Hofstetter ၊ Elliott Muselk Watkins နဲ့ LannanLazarBeamEacottတို့ ဖြစ်ပါတယ်။ Live-Streaming ကြည့်သူ ပိုမိုများပြားလာစေရေးအတွက် ယူကျူရဲ့ အားထုတ်မှု တခုလည် ဖြစ်ပါတယ်။

ဒီကစားသမားတွေ အနေနဲ့ သူတို့ရဲ့ ဂိမ်းကစားမှုကို YouTube ကနေ တိုက်ရိုက် ထုတ်လွှင့်ပြီး ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ အရင်တုန်းက Amazon ပိုင် Twitch မှာ ဂိမ်းကစားလာခဲ့ကြသူများ ဖြစ်ပါတယ်။ အဆိုပါဂိမ်းကစားသမားသုံးဦးပေါင်း YouTube မှာ Subscribers ၂၁ သန်းကျော်အထိ ရှိတာကြောင့် YouTube မှာ Game Live-Streaming ကြည့်သူ မြင့်တက်လာဖို့ကတော့ သေချာနေပါတယ်။
YouTube ဟာ Game Live-Streaming ကြည့်သူများတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပြီး တစ်နေ့လျှင် သန်း ၂၀၀ ကျော်အထိ ရှိပါတယ်။ YouTube ဟာ သူတို့ရဲ့ ပလက်ဖောင်းမှာ ဂိမ်းများကို Live ထုတ်လွှင့်မှုအတွက် ဂိမ်းကစားသမားများကို စာချုပ်ကြေး ဘယ်လောက် ပေးရတယ်ဆိုတာ ထုတ်ပြန်ကြေညာခြင်းတော့ မရှိပါဘူး။ လက်ရှိအချိန်မှာ Game Live-Streaming ကို Twitch က ဦးဆောင်နေပါတယ်။ ဒါကို ယူကျူအနေနဲ့ အမှီလိုက်ရမှာပါ။
zawgyi
ထိပ္သီး ဂိမ္းကစားသမားသုံးဦးကို YouTube စာခ်ဳပ္ခ်ဳပ္ဆို
YouTube အေနနဲ႔ သူ႔ရဲ႕ခ်န္နယ္ကို ယခင္ထက္ ပိုမိုၿပီး လူၾကည့္မ်ားလာေစဖို႔အတြက္ နာမည္ႀကီး ဂိမ္းကစားသမားသုံးဦးကို စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ YouTube က စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ ကစားသမားသုံးဦးကေတာ့ Rachell Valkyrae Hofstetter ၊ Elliott Muselk Watkins နဲ႔ LannanLazarBeamEacottတို႔ ျဖစ္ပါတယ္။ Live-Streaming ၾကည့္သူ ပိုမိုမ်ားျပားလာေစေရးအတြက္ ယူက်ဴရဲ႕ အားထုတ္မႈ တခုလည္ ျဖစ္ပါတယ္။

ဒီကစားသမားေတြ အေနနဲ႔ သူတို႔ရဲ႕ ဂိမ္းကစားမႈကို YouTube ကေန တိုက္႐ိုက္ ထုတ္လႊင့္ၿပီး ကစားသြားရမွာ ျဖစ္ပါတယ္။ ဒီကစားသမားေတြဟာ အရင္တုန္းက Amazon ပိုင္ Twitch မွာ ဂိမ္းကစားလာခဲ့ၾကသူမ်ား ျဖစ္ပါတယ္။ အဆိုပါဂိမ္းကစားသမားသုံးဦးေပါင္း YouTube မွာ Subscribers ၂၁ သန္းေက်ာ္အထိ ရွိတာေၾကာင့္ YouTube မွာ Game Live-Streaming ၾကည့္သူ ျမင့္တက္လာဖို႔ကေတာ့ ေသခ်ာေနပါတယ္။
YouTube ဟာ Game Live-Streaming ၾကည့္သူမ်ားတဲ့ ပလက္ေဖာင္းတစ္ခု ျဖစ္ၿပီး တစ္ေန႔လွ်င္ သန္း ၂၀၀ ေက်ာ္အထိ ရွိပါတယ္။ YouTube ဟာ သူတို႔ရဲ႕ ပလက္ေဖာင္းမွာ ဂိမ္းမ်ားကို Live ထုတ္လႊင့္မႈအတြက္ ဂိမ္းကစားသမားမ်ားကို စာခ်ဳပ္ေၾကး ဘယ္ေလာက္ ေပးရတယ္ဆိုတာ ထုတ္ျပန္ေၾကညာျခင္းေတာ့ မရွိပါဘူး။ လက္ရွိအခ်ိန္မွာ Game Live-Streaming ကို Twitch က ဦးေဆာင္ေနပါတယ္။ ဒါကို ယူက်ဴအေနနဲ႔ အမွီလိုက္ရမွာပါ။