6.4 လက်မ AMOLED ၊ Helio P70 နဲ့ ကျောဘက်ကင်မရာလေးလုံးပါဝင်တဲ့ OPPO F15

0
207

OPPO ဟာ F စီးရီးသစ် စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပါတယ်။ OPPO F15 ဖြစ်ပြီး 2019 ခုနှစ်၊ ဒီဇင်ဘာလတုန်းက တရုတ်စမတ်ဖုန်းဈေးကွက်မှာ OPPO A91 အမည်နှင့် ကြေညာရောင်းချခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
OPPO F15 မှာ မျက်နှာပြင် 6.4 လက်မ FHD+ AMOLED ရုပ်ထွက်၊ 20:9 Aspect Ratio နှင့် In-Display Fingeprint Scanner ပါဝင်ပါတယ်။ Waterdrop Notch သုံးထားပြီး ရှေ့ကင်မရာ 16MP ပါဝင်ပါတယ်။ Gorilla Glass 5 မှန် သုံးထားပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 48MP ကင်မရာဖြစ်ပြီး ဒီကင်မရာကို 8MP Ultrawide ၊ 2MP Macro ၊ 2MP Depth ကင်မရာတို့ဖြင့် ထောက်ပံ့ထားပါတယ်။ဒီဖုန်းကို MediaTek Helio P70 SoC ၊ RAM8GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးနိုင်ပါတယ်။
ဘက်ထရီ 4000 mAhပါဝင်ပြီး 30W VOOC 3.0 Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ ဆော့ဖ်ဝဲပိုင်းအနေဖြင့် Android 9 Pie အခြေခံ ColorOS 6.1 ပါဝင်ပါတယ်။
OPPO F15 ကို ဈေးနှုန်း ဒေါ်လာ 282 သတ်မှတ်ထားပါတယ်။ အရောင်များအနေဖြင့် Unicorn White ၊ Lighting Black အရောင်တို့နှင့် ရွေးချယ်နိုင်ကာ လာမယ့် ဇန်နဝါရီလ 24 ရက်နေ့မှာ အိန္ဒိယဈေးကွက်မှာ ရောင်းချသွားပါမယ်။

zawgyi

6.4 လက္မ AMOLED ၊ Helio P70 နဲ႔ ေက်ာဘက္ကင္မရာေလးလုံးပါဝင္တဲ့ OPPO F15
OPPO ဟာ F စီးရီးသစ္ စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာပါတယ္။ OPPO F15 ျဖစ္ၿပီး 2019 ခုႏွစ္၊ ဒီဇင္ဘာလတုန္းက တ႐ုတ္စမတ္ဖုန္းေဈးကြက္မွာ OPPO A91 အမည္ႏွင့္ ေၾကညာေရာင္းခ်ခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။
OPPO F15 မွာ မ်က္ႏွာျပင္ 6.4 လက္မ FHD+ AMOLED ႐ုပ္ထြက္၊ 20:9 Aspect Ratio ႏွင့္ In-Display Fingeprint Scanner ပါဝင္ပါတယ္။ Waterdrop Notch သုံးထားၿပီး ေရွ႕ကင္မရာ 16MP ပါဝင္ပါတယ္။ Gorilla Glass 5 မွန္ သုံးထားပါတယ္။

ေက်ာဘက္မွာ ကင္မရာေလးလုံး ပါဝင္ပါတယ္။ အဓိကကင္မရာက 48MP ကင္မရာျဖစ္ၿပီး ဒီကင္မရာကို 8MP Ultrawide ၊ 2MP Macro ၊ 2MP Depth ကင္မရာတို႔ျဖင့္ ေထာက္ပံ့ထားပါတယ္။ဒီဖုန္းကို MediaTek Helio P70 SoC ၊ RAM8GB ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Storage 128GB ပါဝင္ပါတယ္။ microSD ကေန ထပ္တိုးႏိုင္ပါတယ္။
ဘက္ထရီ 4000 mAhပါဝင္ၿပီး 30W VOOC 3.0 Fast Charging ျဖင့္ အားသြင္းႏိုင္ပါမယ္။ ေဆာ့ဖ္ဝဲပိုင္းအေနျဖင့္ Android 9 Pie အေျခခံ ColorOS 6.1 ပါဝင္ပါတယ္။
OPPO F15 ကို ေဈးႏႈန္း ေဒၚလာ 282 သတ္မွတ္ထားပါတယ္။ အေရာင္မ်ားအေနျဖင့္ Unicorn White ၊ Lighting Black အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ကာ လာမယ့္ ဇန္နဝါရီလ 24 ရက္ေန႔မွာ အိႏၵိယေဈးကြက္မွာ ေရာင္းခ်သြားပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.