Apple ဟာ ဖလိုရီဒါမှ အမေရိကန်ရေတပ်စခန်းတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အပြင်းအထန် ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်ရှေ့နေချုပ် ဝီလီယမ်ဘားနှင့် FBI အကြီးအကဲ ဒေးဗစ်ဘော်ဒစ်တို့က Apple ဟာ အကြမ်းဖက်သမား မိုဟာမက်ဆက်ဒ်အယ်လ်ရှာရာနီရဲ့ iPhone နှစ်လုံးကို ဖွင့်ပေးဖို့ ငြင်းဆိုထားကြောင်း ဖွင့်ချလာခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားဟာ ဆော်ဒီမှ စစ်သားတစ်ဦး ဖြစ်ပြီး နိုင်ငံတကာစစ်လေ့ကျင့်ရေး အစီအစဉ်အဖြစ် အမေရိကန်မှာ စစ်လေ့ကျင့်ရေး လာလုပ်နေသူ ဖြစ်ပါတယ်။
သူ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးက လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ FBI ဟာ အကြမ်းဖက်သမားရဲ့ iPhone နှစ်လုံးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အကြမ်းဖက်သမားရဲ့ iPhone က ပျက်စီးသွားတယ်ဆိုပေမယ့် ပြန်ကောင်းအောင် လုပ်ဆောင်နိုင်ပေမယ့် ဖုန်းကို ဖွင့်မရဖြစ်နေပါတယ်။
ဒါကြောင့်လည်း FBI ဟာ ယင်း iPhone နှစ်လုံးကို ဖွင့်နိုင်ပါက အကြမ်းဖက်သမားရဲ့ ဆက်စပ်နေမှုများကို သိရှိပြီး အနာဂတ် အကြမ်းဖက်မှုများကို ကာကွယ်ကာ အမေရိကန်ပြည်သူများစွာတို့ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေပြီး Apple ကို ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် Apple ကတော့ iPhone တို့ကို ဖွင့်ပေးဖို့ ငြင်းခဲ့ပါတယ်။
zawgyi
အၾကမ္းဖက္သမားရဲ႕ iPhone ကို ဖြင့္ေပးရန္ Apple ျငင္းဆို
Apple ဟာ ဖလိုရီဒါမွ အေမရိကန္ေရတပ္စခန္းတစ္ခုမွာ အၾကမ္းဖက္တိုက္ခိုက္မႈနဲ႔ ဆက္စပ္ၿပီး အျပင္းအထန္ ေဝဖန္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ အေမရိကန္ေရွ႕ေနခ်ဳပ္ ဝီလီယမ္ဘားႏွင့္ FBI အႀကီးအကဲ ေဒးဗစ္ေဘာ္ဒစ္တို႔က Apple ဟာ အၾကမ္းဖက္သမား မိုဟာမက္ဆက္ဒ္အယ္လ္ရွာရာနီရဲ႕ iPhone ႏွစ္လုံးကို ဖြင့္ေပးဖို႔ ျငင္းဆိုထားေၾကာင္း ဖြင့္ခ်လာခဲ့ၾကတာ ျဖစ္ပါတယ္။
အၾကမ္းဖက္သမားဟာ ေဆာ္ဒီမွ စစ္သားတစ္ဦး ျဖစ္ၿပီး ႏိုင္ငံတကာစစ္ေလ့က်င့္ေရး အစီအစဥ္အျဖစ္ အေမရိကန္မွာ စစ္ေလ့က်င့္ေရး လာလုပ္ေနသူ ျဖစ္ပါတယ္။
သူ႔ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ လူသုံးဦးေသဆုံးက လူအေျမာက္အျမား ဒဏ္ရာရရွိခဲ့ပါတယ္။ FBI ဟာ အၾကမ္းဖက္သမားရဲ႕ iPhone ႏွစ္လုံးကို သိမ္းဆည္းႏိုင္ခဲ့ပါတယ္။ အၾကမ္းဖက္သမားရဲ႕ iPhone က ပ်က္စီးသြားတယ္ဆိုေပမယ့္ ျပန္ေကာင္းေအာင္ လုပ္ေဆာင္ႏိုင္ေပမယ့္ ဖုန္းကို ဖြင့္မရျဖစ္ေနပါတယ္။
ဒါေၾကာင့္လည္း FBI ဟာ ယင္း iPhone ႏွစ္လုံးကို ဖြင့္ႏိုင္ပါက အၾကမ္းဖက္သမားရဲ႕ ဆက္စပ္ေနမႈမ်ားကို သိရွိၿပီး အနာဂတ္ အၾကမ္းဖက္မႈမ်ားကို ကာကြယ္ကာ အေမရိကန္ျပည္သူမ်ားစြာတို႔ကို ကယ္တင္ႏိုင္မယ္လို႔ ယုံၾကည္ေနၿပီး Apple ကို ဖြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ Apple ကေတာ့ iPhone တို႔ကို ဖြင့္ေပးဖို႔ ျငင္းခဲ့ပါတယ္။