စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ လာမယ့် မတ်လမှာ နောက်ထပ် foldable smartphone ကိုမိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသစ်မိတ်ဆက်မယ့် foldable စမတ်ဖုန်းကို Mate Xs ဆိုပြီး သတ်မှတ်ထားပါတယ်။ ၎င်းမှာ HiSilicon ရဲ့နောက်ဆုံးထွက် Kirin 990 chipset ကို သုံးလာမှာဖြစ်ပြီး 5G အထောက်အပံ့နဲ့လာမှာပါ။

Mate Xs နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ တရုတ်မှာ ပေါက်ကြားထွက်ရှိနေပါပြီ။ အံ့သြစရာကောင်းလောက်အောင်ပဲ သူ့ဟာ အရင်ဗားရှင်းထက် ဈေးပိုသက်သာမယ်လို့ ဆိုပါတယ်။ ဒါဟာ ဖန်သားပြင် ထုတ်လုပ်မှုပိုင်းမှာ ပိုမိုတိုးတက်လာလို့ ဖြစ်ပါတယ်။ ဖန်သားပြင်နည်းပညာကို ပိုတိုးတက်အောင် လုပ်လာနိုင်ခြင်းဟာ ဈေးကွက်အခြေအနေ အရလည်း ပိုသက်သာအောင် လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် Mate Xs ရဲ့ပုံစံဟာ Mate X ထက်တောင်ပိုခက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ အသစ်မိတ်ဆက်လာမယ့် Mate Xs ဟာ ဒီဇိုင်းပိုင်းမှာ ပိုကောင်းတဲ့ ဖန်သားပြင်ချိတ်ဆက်မှုနဲ့အတူ ဖန်သားပြင်ဟာ ပိုမိုသန်မာ လာပါလိမ့်မယ်။ ကုမ္ပဏီအနေနဲ့ ဒီဇိုင်းပိုင်းကို အတော်ဂရုစိုက်ပြောင်းလဲခဲ့တယ် လို့လည်း သိရရပါတယ်။ Mate X ထက်ပိုသေးမယ်လို့ ခန့်မှန်းရပါတယ်။
zawgyi
Huawei Mate X ထက်ဈေးသက်သာတဲ့ Mate Xs ကို မတ်လတွင် မိတ်ဆက်လာမည်
