Samsung Galaxy S20 စီးရီးမော်ဒယ်အားလုံးတွင် 12GB RAM သုံးလာမည်

0
322

လက်ရှိအချိန်မှာ ပေါက်ကြားထွက်ရှိနေတဲ့ သတင်းနဲ့ ဓာတ်ပုံတွေအရ Samsung Galaxy S20 စီရီးသစ် ဖုန်းတွေမှာ ဘယ်လိုအချက်အလက်တွေ သုံးလာမယ်ဆိုတာကို တော်တော်များများ သိနေကြပါပြီ။ ဒီနေ့မှာတော့ နောက်ထပ်သတင်း တခုထွက်လာပါတယ်။ အဲဒါကတော့ Samsung Galaxy S20 စီးရီး မော်ဒယ်သစ်ဖုန်းတွေမှာ သုံးလာမယ့် RAM ပမာဏပဲ ဖြစ်ပါတယ်။

သူ့အရှေ့ကထွက်ခဲ့တဲ့ မျိုးဆက်ဖုန်းတွေမှာတော့ 8GBRAM ကို အဓိကထားသုံးခဲ့ပါတယ်။ အမြင့်ဆုံးမော်ဒယ်လို့ သတ်မှတ်နိုင်တဲ့ Galaxy S10+ ဖုန်းမှာမှ 12GB ကိုသုံးခဲ့တာပါ။ Galaxy S10e လိုဖုန်းမျိုးမှာ ဆိုရင် 6GBRAM ကိုသာ သုံးခဲ့ပါတယ်။ ယခုနှစ်မှာတော့ အဲ့လို “e” model ထွက်လာတော့ မှာမဟုတ်ပါဘူး။ အဲ့ဒီအစား အခြားပုံစံတမျိုးနဲ့ ထွက်လာဖို့ များပါတယ်။

လက်ရှိအချိန်မှာ ပထမဆုံး 16GB RAM နဲ့ဖုန်းတွေတောင် ထွက်နေပါပြီ၊ ဒါကြောင့် Galaxy S20 ဖုန်းတွေမှာ သုံးလာမယ့် 12GB RAM ဆိုတာ အရမ်းကြီးပြောင်းလဲထားတယ်လို့ မဆိုနိုင်သေးပါဘူး။ သူ့မှာ အခြားစွမ်းဆောင်ချက်တွေ ပါလာနိုင်ပါသေးတယ်။ Samsung Galaxy S20 ဖုန်းတွေမှာ Snapdragon 865 (သို့) Exynos 9830 ကိုသုံးလာနိုင်ပါတယ်။ ထင်ရှားတဲ့ သတင်းတွေအရတော့ ဒီနှစ်ပိုင်းအတွင်းမှာ Samsung အနေနဲ့ Qualcomm chips တွေကို ပိုသုံးလာမယ်လို့ ဆိုပါတယ်။

zawgyi

Samsung Galaxy S20 စီးရီးေမာ္ဒယ္အားလုံးတြင္ 12GB RAM သုံးလာမည္
လက္ရွိအခ်ိန္မွာ ေပါက္ၾကားထြက္ရွိေနတဲ့ သတင္းနဲ႔ ဓာတ္ပုံေတြအရ Samsung Galaxy S20 စီရီးသစ္ ဖုန္းေတြမွာ ဘယ္လိုအခ်က္အလက္ေတြ သုံးလာမယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ား သိေနၾကပါၿပီ။ ဒီေန႔မွာေတာ့ ေနာက္ထပ္သတင္း တခုထြက္လာပါတယ္။ အဲဒါကေတာ့ Samsung Galaxy S20 စီးရီး ေမာ္ဒယ္သစ္ဖုန္းေတြမွာ သုံးလာမယ့္ RAM ပမာဏပဲ ျဖစ္ပါတယ္။

သူ႔အေရွ႕ကထြက္ခဲ့တဲ့ မ်ိဳးဆက္ဖုန္းေတြမွာေတာ့ 8GBRAM ကို အဓိကထားသုံးခဲ့ပါတယ္။ အျမင့္ဆုံးေမာ္ဒယ္လို႔ သတ္မွတ္ႏိုင္တဲ့ Galaxy S10+ ဖုန္းမွာမွ 12GB ကိုသုံးခဲ့တာပါ။ Galaxy S10e လိုဖုန္းမ်ိဳးမွာ ဆိုရင္ 6GBRAM ကိုသာ သုံးခဲ့ပါတယ္။ ယခုႏွစ္မွာေတာ့ အဲ့လို “e” model ထြက္လာေတာ့ မွာမဟုတ္ပါဘူး။ အဲ့ဒီအစား အျခားပုံစံတမ်ိဳးနဲ႔ ထြက္လာဖို႔ မ်ားပါတယ္။

လက္ရွိအခ်ိန္မွာ ပထမဆုံး 16GB RAM နဲ႔ဖုန္းေတြေတာင္ ထြက္ေနပါၿပီ၊ ဒါေၾကာင့္ Galaxy S20 ဖုန္းေတြမွာ သုံးလာမယ့္ 12GB RAM ဆိုတာ အရမ္းႀကီးေျပာင္းလဲထားတယ္လို႔ မဆိုႏိုင္ေသးပါဘူး။ သူ႔မွာ အျခားစြမ္းေဆာင္ခ်က္ေတြ ပါလာႏိုင္ပါေသးတယ္။ Samsung Galaxy S20 ဖုန္းေတြမွာ Snapdragon 865 (သို႔) Exynos 9830 ကိုသုံးလာႏိုင္ပါတယ္။ ထင္ရွားတဲ့ သတင္းေတြအရေတာ့ ဒီႏွစ္ပိုင္းအတြင္းမွာ Samsung အေနနဲ႔ Qualcomm chips ေတြကို ပိုသုံးလာမယ္လို႔ ဆိုပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.