3C အသိအမှတ်ပြု ရရှိသွားပြီဖြစ်တဲ့ SAMSUNG GALAXY FOLD 2

0
416

Samsung ရဲ့Fold ဖုန်းအသစ်ကိုလာမယ့် လမှာကြေငြာပေးတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Fold ဖုန်းအသစ်ဟာ 3C ရဲ့အသိအမှတ်ပြုမှု ရရှိသွားပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-F7000 လို့ပေးထားပြီး ဒီဖုန်းဟာ Samsung Galaxy Z Flip (သို့) Galaxy Fold 2 ဖြစ်လာမယ့်ဖုန်းပါ။ ဒီဖုန်းဟာ RAZR ဖုန်းပုံစံလိုမျိုး ခေါက်သိမ်းနိုင်တဲ့ ပုံစံနဲ့ထွက်လာမှာပါ။

3C ရဲ့စာရွက်အရ ဖုန်းမှာ 15W charger ထည့်ပေးထားမယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်မျိုးဆက်သစ် folding smartphone မှာ ultra-fast wired charging လုပ်ဆောင်ချက် သုံးနိုင်အုံးမှာ မဟုတ်ပါဘူး။ Galaxy S20 models တွေအားလုံးမှာတော့ 25W charging အလုပ်လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပါတယ်။ ဒုတိယမြောက် foldable smartphone မှာတော့ အဲ့ဒါမျိုး ပါဝင်လာမှာ မဟုတ်ပါဘူး။

Samsung ရဲ့ ဒုတိယမြောက် foldable phone ဟာလာမယ့်လမှာ ထွက်ရှိလာဖို့ များပါတယ်။ ရက်ကတော့ ဖေဖော်ဝါရီ ၁၁ ဒါမှမဟုတ် ၁၈ ရက်လောက်မှာဖြစ်ပြီး flagship စမတ်ဖုန်းတွေဖြစ်တဲ့ S20 series ဖုန်းတွေနဲ့ အတူ တပြိုင်နက်တည်း မိတ်ဆက်လာနိုင်ပါတယ်။ ဒုတိယမျိုးဆက် Galaxy Fold နဲ့ပတ်သတ်လို့ နောက်ထပ်သတင်းအချက်အလက်ကတော့ သူ့မှာထည့်ထားတဲ့ ဘက်ထရီတွေထဲက တခုဟာ 900 mAh စွမ်းအားရှိမယ်ဆိုတာပါ။ ဒုတိယတခုဟာ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေမယ့် 3,000 mAh အောက်လောက်ပဲ ရှိနိုင်မှာပါ။

zawgyi



Samsung ရဲ့Fold ဖုန်းအသစ်ကိုလာမယ့် လမှာကြေငြာပေးတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Fold ဖုန်းအသစ်ဟာ 3C ရဲ့အသိအမှတ်ပြုမှု ရရှိသွားပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-F7000 လို့ပေးထားပြီး ဒီဖုန်းဟာ Samsung Galaxy Z Flip (သို့) Galaxy Fold 2 ဖြစ်လာမယ့်ဖုန်းပါ။ ဒီဖုန်းဟာ RAZR ဖုန်းပုံစံလိုမျိုး ခေါက်သိမ်းနိုင်တဲ့ ပုံစံနဲ့ထွက်လာမှာပါ။

3C ရဲ့စာရွက်အရ ဖုန်းမှာ 15W charger ထည့်ပေးထားမယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်မျိုးဆက်သစ် folding smartphone မှာ ultra-fast wired charging လုပ်ဆောင်ချက် သုံးနိုင်အုံးမှာ မဟုတ်ပါဘူး။ Galaxy S20 models တွေအားလုံးမှာတော့ 25W charging အလုပ်လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပါတယ်။ ဒုတိယမြောက် foldable smartphone မှာတော့ အဲ့ဒါမျိုး ပါဝင်လာမှာ မဟုတ်ပါဘူး။

Samsung ရဲ့ ဒုတိယမြောက် foldable phone ဟာလာမယ့်လမှာ ထွက်ရှိလာဖို့ များပါတယ်။ ရက်ကတော့ ဖေဖော်ဝါရီ ၁၁ ဒါမှမဟုတ် ၁၈ ရက်လောက်မှာဖြစ်ပြီး flagship စမတ်ဖုန်းတွေဖြစ်တဲ့ S20 series ဖုန်းတွေနဲ့ အတူ တပြိုင်နက်တည်း မိတ်ဆက်လာနိုင်ပါတယ်။ ဒုတိယမျိုးဆက် Galaxy Fold နဲ့ပတ်သတ်လို့ နောက်ထပ်သတင်းအချက်အလက်ကတော့ သူ့မှာထည့်ထားတဲ့ ဘက်ထရီတွေထဲက တခုဟာ 900 mAh စွမ်းအားရှိမယ်ဆိုတာပါ။ ဒုတိယတခုဟာ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေမယ့် 3,000 mAh အောက်လောက်ပဲ ရှိနိုင်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.