120HZ SCREEN နဲ့ဖုန်းတွေ ထုတ်ဖို့အဆင့်သင့်ဖြစ်နေပြီ ဆိုတဲ့ ONEPLUS

0
263

ONEPLUS အနေနဲ့ 120HZ SCREEN နည်းပညာသစ်ကို ထုတ်ပြခဲ့ပါတယ်။ ဒီနည်းပညာကို မျိုးဆက်သစ် ဖုန်းတွေမှာ သုံးဖို့ ကုမ္ပဏီအနေနဲ ပြင်ဆင်လျက် ရှိနေတယ်လို့ သိရပါတယ်။ OnePlus ရဲ့ထပ်မံပြောကြားချက်မှာတော့ 120HZ SCREEN နဲ့ဖုန်းတွေ ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီ ဆိုတာပါဘဲ။ ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့တပတ်က ကျင်းပခဲ့တဲ့ CES ပွဲကြီးမှာလည်း electrochromic ဖန်သားကို သုံးထားတဲ့ ဖျောက်လို့ရတဲ့ ကင်မရာနဲ့ ဖုန်းကိုပြသခဲ့ပါသေးတယ်။

Electrochromic ဖန်သားနည်းပညာ လက်ရှိအချိန်အတွက် ဆန်းသစ်တဲ့ နည်းပညာလို့ သတ်မှတ်လို့ မရနိုင်ပေမယ့် အဲ့ဒီနည်းပညာကို စမတ်ဖုန်းတွေပေါ်မှာ သုံးဖို့ ပထမဆုံးစိတ်ကူးရသွားတဲ့ ကုမ္ပဏီကတော့ OnePlus လို့ဆိုရမှာပါ။ ပြောရမယ်ဆိုရင် အခု Oneplus သုံးထားတဲ့ နည်းပညာဟာ မျက်နှာပြင်အောက် ကင်မရာနည်းပညာနဲ့ ကွာခြားခြင်းမရှိပါဘူး။

OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကတော့ ကုမ္ပဏီအနေနဲ့ မြင့်မားတဲ့ refresh rate ကိုထုတ်လုပ်ပြီး ဖြစ်ကြောင်း ပြောပါတယ်။ ဒါဟာလက်ရှိပြောနေတဲ့ 120Hz display ကိုပြောနေတာပါ။ OnePlus အနေနဲ့ ကိုယ်ပိုင် display မထုတ်နိုင်တာကြောင့် Samsung Display တွေကို ဝယ်သုံးနေခဲ့တာ အချိန်အတော်ကြာနေခဲ့ပါပြီ။ သတင်းတွေအရတော့ OnePlus 8 Series မှာ 120Hz Fluid Display ပါလာနိုင်မယ်ဆိုတာပါ။

120HZ SCREEN နဲ႔ဖုန္းေတြ ထုတ္ဖို႔အဆင့္သင့္ျဖစ္ေနၿပီ ဆိုတဲ့ ONEPLUS
ONEPLUS အေနနဲ႔ 120HZ SCREEN နည္းပညာသစ္ကို ထုတ္ျပခဲ့ပါတယ္။ ဒီနည္းပညာကို မ်ိဳးဆက္သစ္ ဖုန္းေတြမွာ သုံးဖို႔ ကုမၸဏီအေနနဲ ျပင္ဆင္လ်က္ ရွိေနတယ္လို႔ သိရပါတယ္။ OnePlus ရဲ႕ထပ္မံေျပာၾကားခ်က္မွာေတာ့ 120HZ SCREEN နဲ႔ဖုန္းေတြ ထုတ္လုပ္ဖို႔ အသင့္ျဖစ္ေနၿပီ ဆိုတာပါဘဲ။ ကုမၸဏီအေနနဲ႔ ၿပီးခဲ့တဲ့တပတ္က က်င္းပခဲ့တဲ့ CES ပြဲႀကီးမွာလည္း electrochromic ဖန္သားကို သုံးထားတဲ့ ေဖ်ာက္လို႔ရတဲ့ ကင္မရာနဲ႔ ဖုန္းကိုျပသခဲ့ပါေသးတယ္။

Electrochromic ဖန္သားနည္းပညာ လက္ရွိအခ်ိန္အတြက္ ဆန္းသစ္တဲ့ နည္းပညာလို႔ သတ္မွတ္လို႔ မရႏိုင္ေပမယ့္ အဲ့ဒီနည္းပညာကို စမတ္ဖုန္းေတြေပၚမွာ သုံးဖို႔ ပထမဆုံးစိတ္ကူးရသြားတဲ့ ကုမၸဏီကေတာ့ OnePlus လို႔ဆိုရမွာပါ။ ေျပာရမယ္ဆိုရင္ အခု Oneplus သုံးထားတဲ့ နည္းပညာဟာ မ်က္ႏွာျပင္ေအာက္ ကင္မရာနည္းပညာနဲ႔ ကြာျခားျခင္းမရွိပါဘူး။

OnePlus ရဲ႕ CEO ျဖစ္တဲ့ Pete Lau ကေတာ့ ကုမၸဏီအေနနဲ႔ ျမင့္မားတဲ့ refresh rate ကိုထုတ္လုပ္ၿပီး ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါဟာလက္ရွိေျပာေနတဲ့ 120Hz display ကိုေျပာေနတာပါ။ OnePlus အေနနဲ႔ ကိုယ္ပိုင္ display မထုတ္ႏိုင္တာေၾကာင့္ Samsung Display ေတြကို ဝယ္သုံးေနခဲ့တာ အခ်ိန္အေတာ္ၾကာေနခဲ့ပါၿပီ။ သတင္းေတြအရေတာ့ OnePlus 8 Series မွာ 120Hz Fluid Display ပါလာႏိုင္မယ္ဆိုတာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.